Europe
ရောမမြို့၌ လူမျိုးရေးတိုက်ခိုက်မှုကြောင့် အီတလီနိုင်ငံသား နှစ်ဦးကို အရေးယူ
ရောမ၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ)
ရောမမြို့တွင် ဇွန်လအတွင်း လူမျိုးရေးတိုက်ခိုက်မှုနှင့် သံသယရှိသူ အသက် ၄၅ နှစ်အရွယ်နှင့် အသက် ၅၀ အရွယ် အီတလီနိုင်ငံသား နှစ်ဦးကို ဇူလိုင် ၉ ရက်က ဖမ်းဆီးအရေးယူခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်ရပ်၌ ဂမ်ဘီယာနိုင်ငံသားတစ်ဦးသည် ဇွန် ၁၇ ရက်တွင် တိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။
ယင်း နိုင်ငံသားသည် အရက်ဆိုင်တစ်ဆိုင်သို့ ဝင်ရောက်၍ အရက်သောက်ရန် မေးမြန်းစဉ် ကိုယ်ထိလက်ရောက် တိုက်ခိုက်ခံခဲ့ရကြောင်း ရဲတပ်ဖွဲ့က ပြောသည်။
ဂမ်ဘီယာနိုင်ငံသားကို လူမျိုးရေးခွဲခြား ဟော်ဟစ်ကာ လက်သီးနှင့်ထိုး ခြေထောက်ဖြင့်ကန်ပြီး ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ကြောင်း ရဲကဆိုသည်။
အဆိုပါ လူမျိုးရေးတိုက်ခိုက်သူများကို DIGOS လုံခြုံရေးရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ခန္ဓာကိုယ်ကို ထိခိုက်အနာတရ ဖြစ်သည်အထိကြမ်းတမ်းစွာ တိုက်ခိုက်ခဲ့သူများကို တရားစွဲဆိုရန် မျှော်လင့်ထားကြောင်း သိရသည်။(Xinhua)