Europe
အယ်လ်ဘေးနီးယား ရေတပ် က လူ ၄ဦးလိုက်ပါလာသည့် ဂျာမန်ရွက်သင်္ဘောတစ်စီးအား ကယ်ဆယ်

တီရာနာ၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ)
အယ်လ်ဘေးနီးယားနိုင်ငံ ရေတပ်မှ “Briza” အမည်ရှိ သင်္ဘော သည် သင်္ဘောပဲ့ကိုင်တွင် ချို့ယွင်းချက်ရှိနေသော ဂျာမနီရွက်သင်္ဘောတစ်စီးအား Durres ဆိပ်ကမ်းသို့ ကူညီဆွဲယူပေးခဲ့ကြောင်း အယ်လ်ဘေးနီးယား ကာကွယ်ရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။
လူ ၄ဦး လိုက်ပါလာသော “Foxtrot”အမည်ရှိ ကမ္ဘာလှည့်ခရီးသွား ရွက်သင်္ဘောသည် သင်္ဘောပဲ့ကိုင်တွင် ချို့ယွင်းချက်ရှိလာသဖြင့် အကူအညီတောင်းခံခဲ့ကြောင်း သိရသည်။
အယ်လ်ဘေးနီးယား ရေတပ်ဖွဲ့ဝင်များသည် “Briza” သင်္ဘောဖြင့် ဂျာမနီရွက်သင်္ဘော အောင်မြင်စွာ ဆွဲယူသွားနိုင်ခဲ့ပြီး ရွက်သင်္ဘောပေါ်မှ လူ ၄ဦးစလုံး အခြေအနေကောင်းမွန်ကြောင်း ဝန်ကြီးဌာနကပြောကြားခဲ့သည်။ (Xinhua)