Connect with us

Europe

အိန္ဒိယနှင့် ပါကစ္စတန် နှစ်နိုင်ငံမှ လေယာဥ်ခရီးစဥ်များကို ရက် ၃၀ ကြာ ကနေဒါ တားမြစ်

ကနေဒါနိုင်ငံ အွန်တာရီယိုပြည်နယ် မစ်(စ်)ဆွာဂါမြို့ရှိ COVID-19 ကာကွယ်ဆေး ဆေးပေးခန်းအပြင်ဘက်၌ နှာခေါင်းစည်းတပ်ဆင်ထားသော အမျိုးသမီးတစ်ဦးအား တွေ့ရစဉ် (ဆင်ဟွာ)

အော့တဝါ၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ)

ကနေဒါနိုင်ငံက အိန္ဒိယနှင့် ပါကစ္စတန် နှစ်နိုင်ငံတွင် COVID-19 ရောဂါဖြစ်ပွားမှု ဆက်လက်မြင့်တက်လာသဖြင့် ၎င်းနှစ်နိုင်ငံမှ လေယာဥ်ခရီးစဥ်များအားလုံးကို ဧပြီ ၂၂ ရက်မှစတင်ကာ ရက်ပေါင်း ၃၀ ကြာ တားမြစ်လိုက်ကြောင်း သိရသည်။

“အိန္ဒိယနဲ့ ပါကစ္စတန်မှ ကနေဒါသို့ ရောက်ရှိလာတဲ့ လေကြောင်းခရီးသည်တွေမှာ COVID-19 တွေ့ရှိမှု အရေအတွက် မြင့်တက်လာတဲ့အတွက် အဆိုပါနိုင်ငံတွေကနေလာရောက်တဲ့ တိုက်ရိုက်လေကြောင်းခရီးသည်တွေကို ဆိုင်းငံ့ဖို့ ကနေဒါနိုင်ငံ သယ်ယူပို့ဆောင်ရေးက လေကြောင်းဝန်ထမ်းများအား သတိပေးစာ (NOTAM) ထုတ်ပြန်ထားပါတယ်” ဟု ကနေဒါနိုင်ငံ ပို့ဆောင်ရေးဝန်ကြီး Omar Alghabra က ဧပြီ ၂၂ ရက်တွင် အခြားသော ဝန်ကြီးများနှင့်အတူ ပူးတွဲပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

အဆိုပါ တားမြစ်ချက်သည် ကနေဒါနိုင်ငံတွင် ၎င်းနှစ်နိုင်ငံမှ ရောက်ရှိလာသည့် ခရီးသည်များ၌ ရောဂါပိုးတွေ့ရှိမှု ပိုမိုများပြားလာသဖြင့် အကောင်အထည်ဖော်ရခြင်းဖြစ်ကြောင်း ဝန်ကြီးက ဆိုသည်။

အဆိုပါ နိုင်ငံနှစ်နိုင်ငံမှ ထွက်ခွာလာပြီး ကနေဒါနိုင်ငံသို့ တိုက်ရိုက်မဟုတ်သော လမ်းကြောင်းဖြင့် ရောက်ရှိလာ‌သည့် ခရီးသည်များအနေဖြင့် ၎င်းတို့နောက်ဆုံးထွက်ခွာခဲ့ရာနေရာမှ ရောဂါပိုးမရှိကြောင်း PCR စစ်ဆေးမှုကို ပြသရန်လိုအပ်မည်ဖြစ်သည်။ ၎င်းတို့အနေဖြင့် ကနေဒါနိုင်ငံသို့ ရောက်ရှိချိန်တွင်လည်း ကင်းလွတ်ခွင့်ရရှိသူမဟုတ်ပါက နောက်ထပ် ရောဂါစစ်ဆေးမှု ပြုလုပ်ခြင်းနှင့် ရလဒ်များစောင့်ဆိုင်းနေစဉ် အစိုးရက သတ်မှတ်ထားသော ဟိုတယ်၌ နေထိုင်ရန် ကြိုတင်စာရင်းပေးထားခြင်း အပါအဝင် လိုက်နာရန်စံနှုန်းများကို လိုက်နာဆောင်ရွက်ရမည်ဖြစ်သည်။

ယင်းသို့ တားမြစ်ချက်သည် ကနေဒါ ကျန်းမာရေးပညာရှင်များအနေဖြင့် ၎င်းဒေသများ၏ ကူးစက်ရောဂါဆိုင်ရာ အချက်အလက်များကို ပိုမိုစုဆောင်းနိုင်မည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီး Patty Hajdu က ပြောခဲ့သည်။

“ထူးခြားခက်ခဲလှတဲ့ အချိန်ကာလအတွင်း ကျွန်မတို့ စိတ်နှလုံးသားတွေက အိန္ဒိယ၊ ပါကစ္စတန်နဲ့ ဒေသတစ်ခုလုံးရဲ့ ပြည်သူတွေနဲ့ အတူရှိကြောင်း ပြောကြားလိုပါတယ်။ ဒီအတောအတွင်း ကနေဒါနိုင်ငံကို ရောက်ရှိလာတဲ့ ခရီးသည်တွေအားလုံးအတွက် တင်းကျပ်တဲ့ ရောဂါစစ်ဆေးခြင်းနဲ့ အသွားအလာကန့်သတ်မှု ဆောင်ရွက်ချက်တွေကို ဆက်လက်လုပ်ဆောင်သွားမှာပါ” ဟု ၎င်းက ဆိုသည်။

အွန်တာရီယိုပြည်နယ် ဝန်ကြီးချုပ် Doug Ford နှင့် ကွီဗက်ပြည်နယ် ဝန်ကြီးချုပ် Francois Legault တို့ကလည်း ကနေဒါနိုင်ငံသို့လာရောက်သော နိုင်ငံတကာ လေကြောင်းခရီးစဉ် အရေအတွက်ကို ဖြတ်တောက်ရန်နှင့် ကနေဒါ-အမေရိကန် ကုန်းမြေနယ်စပ်၌ ပိုမိုတင်းကျပ်သောကန့်သတ်မှုများ ချမှတ်ရန် အစိုးရအား တိုက်တွန်းထားကြောင်း ကနေဒါနိုင်ငံ ဝန်ကြီးချုပ် ဂျက်စတင် ထရူးဒိုးထံသို့ ဧပြီ ၂၂ ရက် အစောပိုင်းက ပေးပို့သည့်စာတွင် ဖော်ပြထားသည်။

ကနေဒါနိုင်ငံ အောက်လွှတ်တော်ကလည်း COVID-19 ဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်မှုနှုန်း မြင့်မားသည့် နိုင်ငံများမှ မဖြစ်မနေမဟုတ်သော လေကြောင်းခရီးစဥ်များအား အစိုးရက ချက်ချင်းဆိုင်းငံ့ရေး အဆိုပြုချက်တစ်ရပ်ကို ဧပြီ ၂၂ ရက်က အတည်ပြုခဲ့ကြောင်း သိရသည်။ (Xinhua)
————————————
(English Version)
Canada bans flights from India and Pakistan for 30 days
2021-04-23 07:59:43
OTTAWA, April 22 (Xinhua) — Canada announced a 30-day ban on all flights from India and Pakistan effective Thursday as COVID-19 cases continue surging in the two countries.
“Given the higher number of cases of COVID-19 detected in air passengers arriving in Canada from India and Pakistan, Transport Canada is issuing a notice to airmen, or NOTAM, to halt direct passenger air traffic from those countries,” said Canadian Transport Minister Omar Alghabra at a joint press conference with other Canadian ministers on Thursday.
The minister said the ban is implemented as more passengers arrive in Canada with positive test results from those two South Asian countries.
If travelers departing from those two countries take an indirect route home, they’ll be required to show a negative PCR test at their last point of departure. Once they arrive in Canada, they’ll follow the standard protocols, unless exempt, including taking another test and booking a stay at a designated government hotel while they await their results.
Health Minister Patty Hajdu said the ban will allow Canada’s public health experts to collect more data about the epidemiology in those regions.
“I want to say that our hearts are with the citizens of India, Pakistan, indeed the whole region during these incredibly difficult times. In the meantime, we’ll continue to apply stringent testing and quarantine measures for all passengers arriving in Canada,” she said.
In a letter to Canadian Prime Minister Justin Trudeau earlier on Thursday, Both Ontario Premier Doug Ford and Quebec Premier Francois Legault called on the Trudeau government to cut the number of international flights arriving in Canada and impose greater restrictions at the Canada-U.S. land border.
Also on Thursday, the House of Commons passed a motion to have the government immediately suspend non-essential passenger flights from countries with high rates of COVID-19 variants infections. Enditem

A woman wearing a face mask is seen outside a COVID-19 vaccine clinic in Mississauga, Ontario, Canada, on April 6, 2021. Ontario, the most populous province of Canada with a population of 14 million, is widening its vaccination plan in hard-hit areas and Ontario Premier Doug Ford hinted at further restrictions as the province faces a growing strain on hospitals and intensive care units from COVID-19 cases. (Photo by Zou Zheng/Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.