Connect with us

Europe

ချက်နိုင်ငံဝန်ကြီးချုပ်ကို အမေရိကန်သို့ လာရောက်လည်ပတ်ရန် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်ဖိတ်ခေါ်

ချက်နိုင်ငံ ဝန်ကြီးချုပ် Andrej Babis အားတွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်)

ပရာ့ဂ် ၊ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ)

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ချက်နိုင်ငံဝန်ကြီးချုပ် အန်ဒရီဂျ်ဘာဘီစ် (Andrej Babis ) အားမတ်လ တွင် အမေရိကန်နိုင်ငံ သို့လာရောက်လည်ပတ်ရန် ဖိတ်ခေါ်ခဲ့ကြောင်း ချက်နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး စတီဖင်န်ကင် (Stephen King) က ဖော်ဖော်ဝါရီလ ၂၀ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

“ဝန်ကြီးချုပ် Andrej Babis ကို မတ်လ ၇ရက်နေ့ မှာ အမေရိကန် ကို တရားဝင်လာရောက်လည်ပတ်ဖို့ အတွက် သမ္မတထရမ့်ရဲ့ ဖိတ်ခေါ်ချက်က နှစ်နိုင်ငံဆက်ဆံရေး ကို ပိုမိုခိုင်မာစေမှာဖြစ်လို့ ကျွန်တော့်အနေနဲ့ ကျေနပ်မိပါတယ်။ အိမ်ဖြူတော်အနေနဲ့ မကြာမီမှာ ကြေညာသွားဖို့ရှိပါတယ်’’ ဟု King က ၎င်း၏ Twitter တွင်ရေးသားခဲ့သည်။

လက်ရှိတွင် ချက်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး တိုမတ်စ်ပီထရီစိခ်(Tomas Petricek) သည် အမေရိကန်နိုင်ငံသို့ အလည်အပတ်ရောက်နေချိန်ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.