Connect with us

Europe

အီတလီနိုင်ငံတွင် လေပြင်းတိုက်ခတ်မှုကြောင့် လူ ၄ဦးသေဆုံး

အီတလီနိုင်ငံ Sicilyကျွန်းတွင် ၂၀၁၈ခုနှစ် နိုဝင်ဘာလက ဖြစ်ပွားခဲ့သော ရေကြီးရေလျှံမှု တစ်ခုအား တွေ့ရစဉ် (ဆင်ဟွာ)

ရောမ၊ ဖေဖော်ဝါရီ ၂၄ ရက်(ဆင်ဟွာ)

အီတလီနိုင်ငံ အလယ်ပိုင်းနှင့်တောင်ပိုင်းဒေသများတွင် ဖေဖော်ဝါရီ ၂၃ ရက်က လေပြင်းတိုက်ခတ်မှု ဖြစ်ပွားရာ လူ၄ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အချင်းဖြစ်ပွားသည့်နေ့တွင် လေပြင်းတိုက်ခတ်မှုနှင့်ဆိုးဝါးသည့် ရာသီဥတုကြောင့် ဖြစ်ပွားသည့် မတော်တဆမှု အနည်းဆုံး ၁၅၀၀ကျော်ကို မီးသတ်ဌာနက ကိုင်တွယ်ဖြေရှင်းနေရကြောင်း အီတလီ နိုင်ငံ မီးသတ်ဦးစီးဌာနက လူမှုမီဒီယာမှတစ်ဆင့် ထုတ်ပြန်ထားသည့် သတင်းများအရ သိရသည်။

ရောမမြို့တည်ရှိသည့် Lazio ဒေသတွင် လေပြင်းတိုက်ခတ်မှုကြောင့် မတော်တဆမှုပေါင်းများစွာ ဖြစ်ပွားခဲ့ရာ လူ ၄ ဦး သေဆုံးပြီး လူပေါင်းများစွာ ဒဏ်ရာရရှိခဲ့ကြောင်းနှင့် အဆောက်အဦ အချို့ ပျက်စီးခဲ့သလို အချို့ဒေသများတွင် လမ်းပန်းဆက်သွယ်ရေးလည်း ထိခိုက်ခဲ့ကြောင်း သိရသည်။

အီတလီနိုင်ငံ အလယ်ပိုင်းနှင့်တောင်ပိုင်းဒေသများတွင် ဖေဖော်ဝါရီ ၂၄ ရက်၌ လေပြင်း ဆက်လက် တိုက်ခတ်မည်ဖြစ်ပြီး ကမ်းရိုးတန်းဒေသများတွင် လှိုင်းကြီးကာ ရေဘေးနှင့် မြေပြိုမှုများ ဖြစ်ပွားနိုင် ကြောင်း အီတလီ ပြည်သူ့ကာကွယ်ရေးဌာနက ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.