Connect with us

Europe

ဂျာမနီအနောက်ပိုင်းတွင် ဗင်ကားဖြင့် လူအုပ်အတွင်း ဝင်တိုက်မှုကြောင့် လူ၃ဦးသေ၊ အများအပြား ဒဏ်ရာရရှိ

ဂျာမနီအနောက်ပိုင်းတွင် ဗင်ကားဖြင့် လူအုပ်အတွင်း ဝင်တိုက်မှုဖြစ်စဉ်အားတွေ့ရစဉ် (ဆင်ဟွာ)

ဖရန့်ခ်ဖာ့တ်၊ ဧပြီ ၈ ရက် (ဆင်ဟွာ)

ဂျာမနီနိုင်ငံ အနောက်ပိုင်း Muenster မြို့ဟောင်း၌ လူအုပ်အတွင်းသု့ိ ဗင်ကားတစ်စီးဖြင့် ဝင်တိုက်မှုကြောင့် လူသတ်သမား အပါအဝင် လူ ၃ဦးသေဆုံးပြီး လူအများအပြား ဒဏ်ရာရရှိခဲ့ကြောင်း North Rine-Westphalia ပြည်နယ် ပြည်ထဲရေးဝန်ကြီး Herbert Reul က ဧပြီ ၇ရက်ညတွင် မီဒီယာသို့ပြောကြားခဲ့သည်။

အမျိုးသားတစ်ဦးသည် Volkswagen-Campingbus အမျိုးအစား ယာဉ်ကို မောင်းနှင်ပြီး ဧပြီ ၇ရက် နေ့လည်ပိုင်းတွင် Muenster မြို့ဟောင်း ရှိ စားသောက်ဆိုင်တစ်ခု၏ အပြင်ဘက်တွင် ထိုင်နေသည့် လူအုပ်စု တစ်စုကို ကားဖြင့်တိုက်ခဲ့ကြောင်း ဂျာမနီ သတင်းစာ FAZ ကဖော်ပြခဲ့သည်။

လူသတ်သမားအဖြစ်သတ်မှတ်ထားသော ယင်းဒရိုင်ဘာ သည် ကားဖြင့်တိုက်ခိုက်ခဲ့ပြီးနောက် မိမိကိုယ်ကို သေနတ်ဖြင့် ပစ်ခတ်ကာ အဆုံးစီရင်ခဲ့ပြီး ၎င်းသည် စိတ်ပိုင်းဆိုင်ရာချို့ယွင်းနေကြောင်း ယူဆရသည်။တရားခံ၏ ကားအတွင်း သံသယဖြစ်ဖွယ် ပစ္စည်းတစ်ခုအား တွေ့ရှိခဲ့ပြီးနောက် ရဲတပ်ဖွဲ့က Muenster မြို့ ဘူတာကြီးအနီးရှိ ၎င်းနေထိုင်ရာ နေရာအား ရှာဖွေစစ်ဆေးလျက်ရှိကြောင်း သိရသည်။

ဂျာမနီဝန်ကြီးချုပ် အန်ဂျလာမာကယ်က ယင်းတိုက်ခိုက်မှုအား ကြားသိရသည့်အတွက် အလွန်တရာ ထိတ်လန့်ကြေကွဲရပါကြောင်း၊ ယင်းဖြစ်စဉ်၏ အကြောင်းအရင်းအားသိရှိရန် စုံစမ်းသွားမည်ဖြစ်ပြီး သေဆုံးသူ နှင့် ၎င်းတို့၏ ဆွေမျိုးများကိုလည်း ထောက်ပံပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ပြောကြားခဲ့သည်။အာဏာပိုင်များက ယင်းတိုက်ခိုက်မှုသည် အကြမ်းဖက်မှု နှင့် ဆက်စပ်နေခြင်းရှိ၊မရှိ ခွဲခြားနိုင်ခြင်းမရှိသေး၍ နောက်ကွယ်မှ အကြောင်းရင်းကို သိရှိခြင်းမရှိသေးကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.