Europe
စပိန်တွင် ရထားတိုက်မှုကြောင့် အနည်းဆုံး လူ ၄၈ ဦး ဒဏ်ရာရ

မက်ဒရစ်၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ)
စပိန်နိုင်ငံ ဘာစီလိုနာမြို့ရှိ ဘူတာရုံ တစ်ခုတွင် ဇူလိုင်လ ၂၈ ရက် နံနက်ပိုင်းက ရထား တစ်စီး တိုက်မိပြီးနောက် အနည်းဆုံး လူ ၄၈ ဦး ဒဏ်ရာရရှိခဲ့ပြီး ယင်းအနက် လူ ၅ ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း အရေးပေါ်ဋ္ဌာနများက ပြောကြားခဲ့သည်။
အနည်းဆုံး လူ ၁၈ ဦးကို ဆေးရုံများသို့ ပို့ပေးခဲ့ရကြောင်း ဘာစီလိုနာ အရေးပေါ်ဋ္ဌာန တာဝန်ရှိသူများက တွစ်တာ၌ ပြောကြားခဲ့သည်။
Tarragona ပြည်နယ်ရှိ Sant Vicenc de Calders မှ ထွက်ခွာလာသည့် ရထားသည် မြို့လယ်ရှိ Estacio de Franca ဘူတာရုံရှိ ရထားရပ်နားရန် ကြားခံနေရာ၌ တိုက်မိခဲ့ခြင်း ဖြစ်သည်။ (Xinhua)