Europe
စိန့်ပီတာစဘာ့ခ်ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ပြင်သစ်နိုင်ငံ၌ လုံခြုံရေးတိုးမြှင့်ထား

ပါရီ ၊ ဧပြီ ၄ ရက် (ဆင်ဟွာ)
ရုရှားနိုင်ငံ စိန့်ပီတာစဘာ့ခ်မြို့ရှိ မြေအောက်ရထားလမ်းတွင် ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ဧပြီလ ၃ ရက်တွင် ပြင်သစ်နိုင်ငံ ပါရီမြို့၌ လုံခြုံရေးတိုးမြှင့်ထားကြောင်း ပြင်သစ်နိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီးက ဆိုသည်။
“ စိန့်ပီတာစဘာ့ခ်မြေအောက်ဘူတာရုံပေါက်ကွဲမှုဖြစ်ပွားပြီးနောက်မှာတော့ ပြင်သစ်နိုင်ငံရဲ့ ပြည်သူ့ဝန်ဆောင်မှုသယ်ယူပို့ဆောင်းရေးကဏ္ဍတွေမှာ လုံခြုံရေးတွေ တိုးမြှင့်ချထားဖို့ပြင်သစ်ပြည်ထဲရေးဝန်ကြီးဌာနဝန်ကြီး Fekl က ဆုံးဖြတ်ချက်ချခဲ့ပါတယ်” ဟု ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။
“ ပြင်သစ်ပြည်သူတွေကို အကာအကွယ်ပေးဖို့အစိုးရဟာ ဆက်လက်ဆောင်ရွက်နေသလို အကြမ်းဖက်မှု တိုက်ဖျက်ရေးကိုလည်း အမြင့်ဆုံးတပ်လှန့်ထားပါတယ်” ဟု ဖြည့်စွက်ဖော်ပြထားသည်။
ဧပြီလ ၃ ရက် နံနက်အစောပိုင်းက ရုရှားနိုင်ငံ စိန့်ပီတာစဘာ့ခ်မြို့ရှိ မြေအောက်ရထားဘူတာရုံ နှစ်ခုတွင် ပေါက်ကွဲမှုများ အသီးသီးဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူပေါင်း ၁၁ ဦးသေဆုံးကာ အခြား ၅ဝ ကျော် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ရုရှားသတင်းမီဒီယာ အရသိရသည်။(Xinhua)