Connect with us

Europe

ပြင်သစ်ပြတိုက်မှ ယူရို ၂၀၀,၀၀၀တန် ရတနာပစ္စည်း အခိုးခံရ

ပြင်သစ်နိုင်ငံ ပါရီမြို့ရှိ Grand Palais ပြတိုက်အား တွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ပါရီ၊ ဧပြီ ၄ ရက် (ဆင်ဟွာ)

ပြင်သစ်နိုင်ငံ ပါရီမြို့ရှိ Grand Palais ပြတိုက်မှ ယူရို ၂၀၀,၀၀၀ (အမေရိကန်ဒေါ်လာ ၂၁၃,၂၀၀) တန်ဖိုးရှိသည့် ရတနာပစ္စည်းအား ဧပြီ ၂ရက်နေ့ ညနေပိုင်းတွင် အမျိုးသားနှစ်ဦးက ခိုးယူသွားခဲ့ကြောင်း ပြည်တွင်းသတင်းချန်နယ်တစ်ခု က ဧပြီ ၃ ရက်တွင်ဖော်ပြခဲ့သည်။

ယင်းဓါးပြတိုက်မှုသည် ပြတိုက်အရောင်းစာရေး အမျိုးသမီး ယူဆောင်လာသည့် ရတနာအထုပ်တစ်ထုပ်ကို ပစ်မှတ်ထားခဲ့ခြင်းဖြစ်ကာ ဓါးပြနှစ်ဦးအနက် တစ်ဦးသည် အရောင်းစာရေး အမျုးိသမီးအား ငွေစက္ကူတစ်ရွက် အောက်သို့ပြုတ်ကျနေကြောင်း ပြောကြားပြီး အာရုံလွှဲပြောင်းခဲ့ကာ ၎င်းပိုက်ဆံအား ကောက်ယူနေစဉ် ဒုတိယမြောက် ဓါးပြက ကြမ်းပြင်ပေါ်ရှိ ရတနာထုပ်အား ခိုးယူသွားခဲ့ခြင်းကြောင်း BFMTV သတင်းရုပ်သံလိုင်းက ဖော်ပြခဲ့သည်။

အခိုးခံရသော ရတနာပစ္စည်းသည် Parisian ပြတိုက်ရှိ ခေတ်ပေါ်အနုပစ္စည်းများ ပြပွဲတစ်ခုတွင် ပြသထားပြီးဖြစ်သော ပစ္စည်းတစ်ခုဖြစ်ပြီး ဓါးပြများအား ဖမ်းဆီးနိုင်ရေးအတွက် ရဲတပ်ဖွဲ့က ဆောင်ရွက်နေကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.