Europe
ဆိုက်ပရက်စ် ပြန်လည်ပေါင်းစည်းရေး နောက်ဆုံးအကြိမ်ဆွေးနွေးမှု အောင်မြင်မှုမရဘဲအဆုံးသတ်

ဂျီနီဗာ၊ နိုဝင်ဘာ ၂၂ ရက်(ဆင်ဟွာ)
ဆွစ်ဇာလန်နိုင်ငံရှိ Mont Pelerin ဟိုတယ်၌ နိုဝင်ဘာလ ၂၂ ရက် နံနက်အစောပိုင်းက ပြုလုပ်ခဲ့သည့် ဆိုက်ပရက်စ်နိုင်ငံ ပြန်လည်ပေါင်းစည်းရေးအတွက် ကုလသမဂ္ဂမှ ကြားဝင်ညှိနှိုင်းဆောင်ရွက်မှု နောက်ဆုံးဆွေးနွေးပွဲသည် မျှော်လင့်ထားသောသဘောတူညီမှုတစ်စုံတစ်ရာမရဘဲ အဆုံးသတ်သွားပြီဖြစ်ကြောင်း ညှိနှိုင်းရေးအဖွဲ့တွင်ပါဝင်သည့် သတင်းအရင်းအမြစ်၏ ပြောဆိုချက်အရ သိရသည်။
တူရကီလူမျိုးဆိုက်ပရက်စ်ခေါင်းဆောင် Mustafa Akinci ၏ ရုံးက ပြောကြားရာတွင် ယခုနောက်ဆုံးဆွေးနွေးမှုသည် ဂရိဆိုက်ပရက်စ်မျိုးနွယ်စု၏ “ maximalist ”လူများစုဝါဒီသမားကနေရာယူမှုကြောင့် မအောင်မမြင်ဖြစ်ခဲ့ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။(Xinhua)