Connect with us

Europe

ဆိုက်ပရက်စ် ပြန်လည်ပေါင်းစည်းရေး နောက်ဆုံးအကြိမ်ဆွေးနွေးမှု အောင်မြင်မှုမရဘဲအဆုံးသတ်

ဆိုက်ပရက်စ် ပြန်လည်ပေါင်းစည်းရေးအတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် နှင့် အတူ နှစ်ဖက်ခေါင်းဆောင်များအားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ဂျီနီဗာ၊ နိုဝင်ဘာ ၂၂ ရက်(ဆင်ဟွာ)

ဆွစ်ဇာလန်နိုင်ငံရှိ Mont Pelerin ဟိုတယ်၌ နိုဝင်ဘာလ ၂၂ ရက် နံနက်အစောပိုင်းက ပြုလုပ်ခဲ့သည့် ဆိုက်ပရက်စ်နိုင်ငံ ပြန်လည်ပေါင်းစည်းရေးအတွက် ကုလသမဂ္ဂမှ ကြားဝင်ညှိနှိုင်းဆောင်ရွက်မှု နောက်ဆုံးဆွေးနွေးပွဲသည် မျှော်လင့်ထားသောသဘောတူညီမှုတစ်စုံတစ်ရာမရဘဲ အဆုံးသတ်သွားပြီဖြစ်ကြောင်း ညှိနှိုင်းရေးအဖွဲ့တွင်ပါဝင်သည့် သတင်းအရင်းအမြစ်၏ ပြောဆိုချက်အရ သိရသည်။

တူရကီလူမျိုးဆိုက်ပရက်စ်ခေါင်းဆောင် Mustafa Akinci ၏ ရုံးက ပြောကြားရာတွင် ယခုနောက်ဆုံးဆွေးနွေးမှုသည် ဂရိဆိုက်ပရက်စ်မျိုးနွယ်စု၏ “ maximalist ”လူများစုဝါဒီသမားကနေရာယူမှုကြောင့် မအောင်မမြင်ဖြစ်ခဲ့ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.