Europe
ဆွစ်ဇာလန် နိုင်ငံ တွင် ၃ ရက် အတွင်း ရေခဲတောင် ပြိုကျမှု ၃ ကြိမ် ဖြစ်ပွား ခဲ့ရာ လူ ၃ ဦး သေဆုံး

ဂျီနီဗာ ၊ ဒီဇင်ဘာ ၂၇ ရက် (ဆင်ဟွာ)
ဆွစ်ဇာလန် နိုင်ငံ အဲလ်ပ်တောင်တန်း ဒေသ တွင် လတ်တလော ၃ ရက် အတွင်း ရေခဲတောင် ပြိုကျမှု ၃ ကြိမ် ဖြစ်ပွား ခဲ့ရာ လူ ၃ ဦး သေဆုံး ခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ကြေညာချက် အရ သိရှိခဲ့ရသည်။
ဒေသတွင်း မီဒီယာ များ၏ ဖော်ပြချက်အရ ဒီဇင်ဘာ ၂၅ ရက်နေ့ နံနက်ပိုင်း အချိန်တွင် ဆွစ်ဇာလန် နိုင်ငံ တောင်ပိုင်း Valais ပြည်နယ်တွင် ရေခဲတောင် ပြိုကျမှုဖြစ်ပွား ခဲ့ရာ အသက် ၃၉ နှစ်အရွယ် အမျိုးသား တစ်ဦး သေဆုံးခဲ့ကြောင်း သိရှိခဲ့ရသည်။
ဆွစ်ဇာလန် နိုင်ငံ အရှေ့ပိုင်း Graubunden ပြည်နယ် ရဲတပ်ဖွဲ့ က ပြင်သစ် နိုင်ငံ မှ အသက် ၃၁ နှစ် အရွယ် ခရီးသွား ဧည့်သည် တစ်ဦးသည် ဒီဇင်ဘာ ၂၃ ရက်နေ့ နံနက်ပိုင်း တွင် ဖြစ်ပွား ခဲ့သည့် ရေခဲတောင် ပြိုကျမှု တွင် သေဆုံး ခဲ့ကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်။
ထို့ပြင် ဒီဇင်ဘာ ၂၃ ရက်နေ့ ၌ Saint-Luc ဒေသတွင် ဖြစ်ပွား ခဲ့သည့် ရေခဲတောင် ပြိုကျမှု တွင်လည်း ခရီးသွား ဧည့်သည် ၃ ဦး ဒဏ်ရာရရှိခဲ့ရာ အသက် ၂၉ နှစ်အရွယ် အမျိုးသမီး တစ်ဦး က ဒဏ်ရာပြင်းထန် သဖြင့် သေဆုံးခဲ့ရကြောင်း သိရှိခဲ့ရသည်။(Xinhua)