Europe
ဆွီဒင်တွင် အစိုးရအဖွဲ့ အပြောင်းအလဲလုပ်မည်ဟု ဝန်ကြီးချုပ် ကြေညာ

စတော့ခ်ဟုမ်း၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ)
ဆွီဒင်နိုင်ငံတွင် အိုင်တီ လုံခြုံရေး ရှုပ်ထွေးမှု တစ်ခုဖြစ်ပွားခဲ့ပြီး အစိုးရအဖွဲ့ အပြောင်းအလဲ ပြုလုပ်မည်ဟု ဝန်ကြီးချုပ် Stefan Lofven က ဇူလိုင်လ ၂၇ ရက်တွင် ကြေညာလိုက်သည်။
ဝန်ကြီး သုံးဦးကို ရာထူးမှ ဖယ်ရှားမည် ဖြစ်ပြီး ဝန်ကြီးသစ် နှစ်ဦးကို ရွေးချယ်ထားကြောင်း Lofven က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
“ဆွီဒင်မှာ နိုင်ငံရေး ပဋိပက္ခ ကျရောက်အောင် ကျွန်တော် လုပ်မှာမဟုတ်ပါဘူး။ နိုင်ငံအတွက် တာဝန်ယူသွားမှာပါ” ဟု Lofven က ဆိုသည်။ (Xinhua)