Connect with us

Europe

ယူကရိန်း နိုင်ငံ အနောက်ပိုင်းရှိ ပြုစုစောင့်ရှောက်ရေး ဂေဟာ တစ်ခုတွင် လူပေါင်း ၃၆ ဦး အစာအဆိပ်သင့်မှု ဖြစ်ပွား

အစာအဆိပ်သင့်မှု ဖြစ်ပွား ခဲ့သည့် ယူကရိန်း နိုင်ငံ အနောက်ပိုင်း Ivano-Frankivsk ပြည်နယ် အားမြင်တွေ့ရစဉ်(ဓာတ်ပုံ-google maps)

ကိယက်ဗ် ၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ)

ယူကရိန်း နိုင်ငံ အနောက်ပိုင်း Ivano-Frankivsk ပြည်နယ် အစိုးရ သတင်းထုတ်ပြန်ရေး ဌာန က ပြည်နယ် အတွင်းရှိ ပြုစုစောင့်ရှောက်ရေး ဂေဟာ တစ်ခု တွင် အစာအဆိပ်သင့်မှု ဖြစ်ပွား ခဲ့ပြီး နိုင်ငံခြားသား ၂၅ ဦး အပါအဝင် စုစုပေါင်း ၃၆ ဦး ဆေးရုံသို့ ဆေးဝါး ကုသရန် ပို့ဆောင်ခဲ့ရကြောင်း ဇူလိုင်လ ၂၆ ရက်နေ့က ထုတ်ပြန်ကြေညာ ခဲ့သည်။

ထုတ်ပြန်ချက်တွင် ဇူလိုင်လ ၂၅ ရက်နေ့က ပြုစုစောင့်ရှောက်ရေး ဂေဟာ တွင် နိုင်ငံခြားသား ၁၁ ဦး အပါအဝင် ၁၆ ဦး တို့မှ အော့အန်မှု ဖြစ်ပွား ခဲ့ကြပြီး ဝမ်းပျက်ခြင်း နှင့် ကိုယ်ပူခြင်း တို့ ဖြစ်ပွား ခဲ့ကြကြောင်း ၊ စစ်ဆေးမှု များအရ ၎င်းတို့မှာ အစာအဆိပ်သင့်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိခဲ့ရပြီး နိုင်ငံခြားသား များမှာ ပိုလန် နှင့် ဂျာမနီ နိုင်ငံ တို့မှ ဖြစ်ကြောင်း ပါဝင် ခဲ့သည်။

ထို့ပြင် ထုတ်ပြန်ချက်တွင် ဆေးရုံ၏ စစ်ဆေးမှု အရ အစာအဆိပ်သင့်သူများသည် အလယ်အလတ် အဆင့် အဆိပ်သင့်မှု ဖြစ်ပွားခဲ့ကြကြောင်း ၊ အစားအသောက်လုံခြုံရေး ဌာန ၏ စစ်ဆေးချက်အရ ယင်း ဂေဟာ သို့ အစားအသောက်များ ထောက်ပံ့သည့် ကုမ္ပဏီ အနေဖြင့် သက်ဆိုင်ရာ လက်မှတ်များ ကိုင်ဆောင်ထားခြင်း မရှိဘဲ ဂေဟာ မှ ချက်ပြုတ်စဉ် ၌လည်း အများပြည်သူ ကျန်းမာရေး သတ်မှတ်ချက်များ နှင့် ကိုက်ညီမှု မရှိကြောင်း ပါဝင် ခဲ့သည်။

Ivano-Frankivsk ပြည်နယ် ရှိ ပြုစုစောင့်ရှောက်ရေး ဂေဟာ တွင် အစာအဆိပ်သင့်မှု ဖြစ်ပွား စဉ် အတွင်း ဂေဟာ အတွင်း၌ ခရီးသွား ဧည့်သည်ပေါင်း ၁၅၀ ဦးကျော် တည်းခိုနေကြောင်း သိရှိခဲ့ရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.