Europe
ဆွီဒင်နိုင်ငံ မယ်လ်မိုမြို့တွင် သေနတ်ပစ်ခတ်ခံရမှုကြောင့် လူ ၂ ဦးသေဆုံး၊ အကြမ်းဖက်မှုဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်
စတော့ခ်ဟုမ်း၊ ဇွန် ၁၉ ရက် (ဆင်ဟွာ)
ဆွီဒင်နိုင်ငံတောင်ပိုင်း မယ်လ်မိုမြို့တွင် သေနတ်ပစ်ခတ်မှုကြောင့် လူ နှစ်ဦးသေဆုံးပြီး ဆက်စပ်ဒဏ်ရာများ ရရှိခဲ့ကြောင်း ဆွီဒင်ရဲတပ်ဖွဲ့က ဇွန်လ ၁၉ ရက်က ပြောကြားခဲ့သည်။
အဆိုပါ သေနတ်ပစ်ခတ်မှုကြီးမှာ ဇွန်လ ၁၈ ရက်ညပိုင်းက ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ဒဏ်ရာရသူများအား ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း၊ တစ်ဦးမှာ ဆေးရုံရောက်ပြီးမကြာမီ ရရှိထားသော ဒဏ်ရာများကြောင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။
“နောက်ထပ် ဒဏ်ရာရရှိထားတဲ့ အသက် ၂၉ နှစ်အရွယ်အမျိုးသားတစ်ဦးကလည်း ဆေးရုံရောက်တော့ သေဆုံးသွားခဲ့တယ်။ ဒီဖြစ်ရပ်က လူသတ်မှုဖြစ်ပါတယ်” လို့ ရဲတပ်ဖွဲ့က ကြေညာချက်တွင် ဖော်ပြထားသည်။
ပစ်ခတ်မှုဖြစ်ပွားရာနေရာအား ရဲတပ်ဖွဲ့က လုံခြုံရေးအရ တားမြစ်ထားကြောင်း၊ အခြား စုံစမ်းစစ်ဆေးမှုများကိုလည်း ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကြောင်း သိရသည်။ (Xinhua)