Connect with us

Europe

လန်ဒန်တွင် ရထားတိုက်မိမှုကြောင့် လူ ၃ဦးသေဆုံး

လန်ဒန်မြို့တောင်ပိုင်း ရှိ Loughborough Junction ဘူတာရုံအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

လန်ဒန်၊ ဇွန် ၁၉ ရက် (ဆင်ဟွာ)

ဗြိတိန်ပို့ဆောင်ရေးရဲတပ်ဖွဲ့ (BTP) က လန်ဒန်မြို့တောင်ပိုင်း Loughborough Junction ဘူတာရုံတွင် ရထားတစ်စင်းဖြင့် တိုက်မိ၍ လူ ၃ဦးသေဆုံးသွားကြောင်း ဇွန် ၁၈ ရက်တွင်ပြောကြားခဲ့သည်။

ရုပ်အလောင်းများတွေ့ရှိကြောင်း အကြောင်းကြားလာ၍ အဆိုပါ ဘူတာရုံသို့ BTP တာဝန်ရှိသူများ ရောက်ရှိလာကြောင်း သိရသည်။

BTP စုံစမ်းစစ်ဆေးရေးမှူး Gary Richardson က ဖြစ်ပွားရခြင်းအကြောင်းရင်းကို သိရှိနိုင်ရန် ကြိုးပမ်းနေပြီး ယင်း လူ၃ဦးသည် မည်သည့်အတွက်ကြောင့် ရထားတိုက်မိ၍ အသက်ဆုံးရှုံးရခြင်းဖြစ်ကြောင်းကိုလည်း စုံစမ်းနေကြောင်းပြောကြားခဲ့သည်။

အခင်းဖြစ်ပွားရာ၌ တာဝန်ရှိသူများသည် သေဆုံးသူများ၏ ကိုယ်ရေးအချက်အလက်များကို စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။

စုံစမ်းစစ်ဆေးမှုများပြီးစီးသည်အထိ ရထားပြေးဆွဲမှုများကို ရပ်တန့်ထားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.