Europe
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ချစ်ကြည်ရေးခရီးစဉ်အတွက် ရုရှားနိုင်ငံ မော်စကိုမြို့သို့ ရောက်ရှိ

မော်စကို၊ ဇွန် ၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ရုရှားနိုင်ငံနှင့် နှစ်နိုင်ငံ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ဆွေးနွေးညှိနှိုင်းမှုအား ခေတ်သစ်ဆီသို့ ဆောင်ကြဉ်းရန် မျှော်မှန်းထားသည့် ချစ်ကြည်ရေးခရီးစဉ်အဖြစ် ဇွန်လ ၅ ရက်တွင် ရုရှားနိုင်ငံ မော်စကိုမြို့သို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။
တရုတ်နှင့် ရုရှား နှစ်နိုင်ငံ ခေါင်းဆောင်များသည် အရေးပါသော ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်များ လက်မှတ်ရေးထိုးခြင်းနှင့် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးတည်ထောင်ခြင်း နှစ် ၇၀ ပြည့် အခမ်းအနားသို့ တက်ရောက်ရန်ရှိကြောင်း သိရသည်။
ရုရှားနိုင်ငံခရီးစဉ်အတွင်း ရှီသည် ၂၃ကြိမ်မြောက် စိန့်ပီတာစဘာ့ဂ် နိုင်ငံတကာ စီးပွားရေးဖိုရမ်သို့ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)