Connect with us

Europe

တရုတ် နိုင်ငံ က အယ်လ်ဘေးနီးယား နိုင်ငံ ငလျင် အပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်း အတွက် အရေးပေါ် ကူညီထောက်ပံ့မှုများ လှူဒါန်း

အယ်လ်ဘေးနီးယား နိုင်ငံ တွင် နိုဝင်ဘာ ၂၆ ရက် ၌ ပြင်းအား ၆.၄ အဆင့်ရှိ ငလျင် လှုပ်ခတ် ပြီးနောက် အဆောက်အဦ ပြိုလှဲသွားသည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

တီရာနာ ၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ ကြက်ခြေနီ အသင်း က ဒီဇင်ဘာ ၉ ရက် တွင် အယ်လ်ဘေးနီးယား နိုင်ငံ ကြက်ခြေနီ အသင်း ထံသို့ ငလျင် အပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်း အတွက် လူသားချင်း စာနာထောက်ထားမှု အရေးပေါ် ကူညီထောက်ပံ့မှု အနေဖြင့် အမေရိကန် ဒေါ်လာ ၁၀၀,၀၀၀ လှူဒါန်းပေး ခဲ့ကြောင်း သိရှိရသည်။

အယ်လ်ဘေးနီးယား နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ကျုံးသင် (Zhou Ding) က လှူဒါန်းငွေ အား အယ်လ်ဘေးနီးယား နိုင်ငံ ကြက်ခြေနီ အသင်း ဥက္ကဋ္ဌ ထံ သို့ လွှဲပြောင်း ပေးအပ် ခဲ့ပြီး သံအမတ်ကြီး က တရုတ် နိုင်ငံ အစိုးရ နှင့် ပြည်သူလူထု တို့ က အယ်လ်ဘေးနီးယား နိုင်ငံ တွင် လှုပ်ခတ်ခဲ့သည့် ငလျင် အပေါ် လွန်စွာအလေးထားပြီး ငလျင်လှုပ်ခတ်ပြီး ချိန်တွင် ပထမ ဦးဆုံး နည်းလမ်းအမျိုးမျိုး အယ်လ်ဘေးနီးယား နိုင်ငံ ငလျင်ဘေးသင့်ရာ ဒေသများ သို့ ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် အယ်လ်ဘေးနီးယား နိုင်ငံ နှင့် အနီးကပ် ဆက်သွယ်မှု ထားရှိပြီး နည်းလမ်းအမျိုးမျိုးဖြင့် အယ်လ်ဘေးနီးယား နိုင်ငံ ငလျင် အပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းအတွက် ကူညီထောက်ပံ့မှုများ ဆက်လက် ဆောင်ရွက်ပေးသွားလိုကြောင်း ပြောကြား ခဲ့သည်။

အယ်လ်ဘေးနီးယား နိုင်ငံ ကြက်ခြေနီ အသင်း ဥက္ကဋ္ဌ က တရုတ် နိုင်ငံ ကြက်ခြေနီအသင်း နှင့် အခြားသော နည်းလမ်းအမျိုးမျိုးသော ကူညီထောက်ပံ့မှုများ က တရုတ် နိုင်ငံ ပြည်သူလူထု ၏ လူသားချင်းစာနာထောက်ထားမှု စိတ်ဓာတ် နှင့် နှစ်နိုင်ငံ ပြည်သူလူထု အကြား နက်ရှိုင်းသည့် ချစ်ကြည်ဆက်ဆံရေး ကို ပေါ်လွင်စေခဲ့ကြောင်း ၊ ကြက်ခြေနီ အသင်း အနေဖြင့် လှူဒါန်းငွေများ အား ပွင့်လင်းမြင်သာသည့် ပုံစံ ဖြင့် အလိုအပ်ဆုံးသူများကို ရရှိအောင် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

အယ်လ်ဘေးနီးယား နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး အနေဖြင့် ဒီဇင်ဘာ ၆ ရက် တွင်လည်း ကူညီထောက်ပံ့မှု တစ်ရပ် ပြုလုပ် ခဲ့ပြီး ကူညီထောက်ပံ့မှု တွင် မွေ့ယာ ၊ ကုတင် ၊ ဆောင် နှင့် ခေါင်းအုံး စသည့် ပစ္စည်းများ အပါအဝင် လူသုံးကုန်ပစ္စည်းများ ကို ပေးအပ်လှူဒါန်း ခဲ့ကြောင်း သိရှိရသည်။

အယ်လ်ဘေးနီးယား နိုင်ငံ တွင် နိုဝင်ဘာ ၂၆ ရက် နံနက်ပိုင်း အချိန် ၌ ပြင်းအား ၆.၄ အဆင့်ရှိ ငလျင် လှုပ်ခတ် ခဲ့ပြီး လူပေါင်း ၅၁ ဦး သေဆုံး ကာ အဆောက်အဦ အနည်းဆုံး ၂၆၀ ကျော် ပျက်စီး သွားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.