Connect with us

Europe

အသက် ၃၄ နှစ်အရွယ် ဆန်နာမာရင်း ဖင်လန်နိုင်ငံဝန်ကြီးချုပ်ဖြစ်လာ

အသက် ၃၄ နှစ်အရွယ် ဖင်လန်နိုင်ငံ ဝန်ကြီးချုပ်သစ် ဆန်နာမာရင်းအားတွေ့ရစဉ်(ဆင်ဟွာ)

ဟဲလ်ဆင်ကီး ၊ ဒီဇင်ဘာ ၁၀ ရက်(ဆင်ဟွာ)

ဖင်လန်နိုင်ငံတွင် ၅ ပါတီညွန့်ပေါင်းအစိုးရဖွဲ့ရာတွင် ဆိုရှယ်ဒီမိုကရက်တစ်ပါတီ(SDP) ကအသက် ၃၄ နှစ်အရွယ် ဆန်နာမာရင်း(Sanna Marin) အား နိုင်ငံ၏ အသက်အငယ်ဆုံး ဝန်ကြီးချုပ်အဖြစ် ဒီဇင်ဘာ ၁၀ ရက်တွင် ရွေးချယ်တင်မြှောက်လိုက်ကြောင်း သိရသည်။

မာရင်းသည် လက်ရှိတွင် ဖင်လန်နိုင်ငံ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေပြီး ၎င်းသည် အသက် ၃၇ နှစ်အရွယ် Social Democratic Parliamentry Group ဥက္ကဋ္ဌ Antti Lindtman အပေါ် ထောက်ခံမဲ အနည်းငယ်အသာစီးရကာ  ၃၂မဲ-၂၉မဲ ဖြင့် ဝန်ကြီးချုပ်ခန့်အပ်ခံရခြင်းဖြစ်သည်။

အဆိုပါမဲခွဲရွေးချယ်မှုကို ဒီဇင်ဘာ ၈ ရက် ညနေပိုင်းတွင် ဆိုရှယ်ဒီမိုကရက်တစ်ပါတီကောင်စီရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း နှင့် မဲရလဒ်များကို အမျိုးသားရုပ်မြင်သံကြားအသံလွှင့်ဌာနက ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Center ပါတီမှ ညွန့်ပေါင်းအစိုးရ မိတ်ဖက်တစ်ဦး၏ ဝန်ကြီးချုပ်အပေါ် အယုံအကြည်မရှိကြောင်း အဆိုကြောင့် ယခင်ဝန်ကြီးချုပ် Antti Rinne သည်ရာထူးမှ ဆင်းပေးခဲ့ရပြီး ထိုအချိန်မှ စတင်ကာ ဖင်လန်နိုင်ငံအစိုးရအဖွဲ့၌ ဝန်ကြီးချုပ်ရာထူးနေရာ လစ်လပ်နေခဲ့သည်။

အသက် ၃၄ နှစ်အရွယ် ဖင်လန်နိုင်ငံ ဝန်ကြီးချုပ်သစ် ဆန်နာမာရင်းအားတွေ့ရစဉ်(ဆင်ဟွာ)

အသက် ၃၄ နှစ်အရွယ် ဖင်လန်နိုင်ငံ ဝန်ကြီးချုပ်သစ် ဆန်နာမာရင်းအားတွေ့ရစဉ်(ဆင်ဟွာ)

အသက် ၃၄ နှစ်အရွယ် ဖင်လန်နိုင်ငံ ဝန်ကြီးချုပ်သစ် ဆန်နာမာရင်းအားတွေ့ရစဉ်(ဆင်ဟွာ)

ယခင်လက်တွဲထားသော ညွန့်ပေါင်းအစိုးရအဖွဲ့သည် အတူတကွ ဆက်လက်ချီတက်ကြလိမ့်မည်ဖြစ်ကြောင်းသိရသည်။ အဆိုပါ ၅ ပါတီသည် ဒီဇင်ဘာ ၈ ရက် မွန်းလွဲပိုင်းတွင် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး နောင်လာမည့် အစိုးရအဖွဲ့နှင့်ပူးပေါင်းဆောင်ရွက်မှု ဆက်လက်ဆောင်ရွက်သွားရန် ကတိပြုခဲ့ကြောင်း သိရသည်။ညွန့်ပေါင်း ၅ ပါတီတွင် ဆိုရှယ်ဒီမိုကရက်တစ်ပါတီ ၊ Center ပါတီ ၊ အစိမ်းရောင်ပါတီ (Greens) ၊ လက်ဝဲမဟာမိတ်ပါတီ(Left Alliance) နှင့် ဆွီဒစ်ပြည်သူ့ပါတီ(Swedish People’s Party) တို့ပါဝင်သည်။

မဲပေးပွဲတွင် အနိုင်ရရှိခဲ့ပြီးနောက် မာရင်းသည် ပါတီညီညွတ်ရေးအတွက် တိုက်တွန်းစကားဆိုခဲ့သည်။ တရားဝင် အစိုးရအဖွဲ့ အလွှဲအပြောင်းကို ဒီဇင်ဘာ ၉ ရက်တွင် ဆက်လက်လုပ်ဆောင်ခဲ့ကြောင်း နှင့် ဖင်လန်နိုင်ငံသမ္မတ Sauli Niinisto က အစိုးရအဖွဲ့ သစ် ခန့်အပ်မှုကို ဒီဇင်ဘာ ၁၀ ရက်တွင် ပြုလုပ်သွားရန် ရှိကြောင်း သိရသည်။

မာရင်းသည် ဖင်လန်နိုင်ငံ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးအဖြစ် ၂၀၁၉ ခုနှစ် ဇွန်လတွင် စတင်တာဝန်ယူခဲ့သည်။၎င်းသည် ဆိုရှယ်ဒီမိုကရက်တစ်ပါတီ(SDP) ၏ ဒုတိယဥက္ကဋ္ဌလည်းဖြစ်ကြောင်း ၊ ပြီးခဲ့သော ဆောင်းရာသီတွင် ပါတီခေါင်းဆောင် Rinne ဆေးခွင့်ရယူခဲ့သည့်အချိန်မှ စတင်ကာ မာရင်းသည် ပါတီကို ဉီးဆောင်ခဲ့ကြောင်း သိရသည်။

၎င်းသည်နိုင်ငံရေးနယ်ကို ဖင်လန်နိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သော Tampere မြို့ မြို့တော် မြူနီစပယ်အဖွဲ့ဝင်အဖြစ် ပထမဆုံး ဝင်ရောက်ခဲ့သည်။ အဆိုပါမြို့တော်ကောင်စီ ဥက္ကဋ္ဌအဖြစ် ၂၀၁၃ ခုနှစ် မှ ၂၀၁၇ ခုနှစ်အထိ တာဝန်ယူခဲ့သည်။

မာရင်းသည် Tampere တက္ကသိုလ်မှ စီမံခန့်ခွဲမှုသိပ္ပံ မဟာဘွဲ့ကို ဆွတ်ခူးရရှိထားကြောင်း သိရသည်။(Xinhua)