Europe
တူနီးရှားနိုင်ငံတွင် ရေလွှမ်းမိုးမှုကြောင့် လူ ၅ ဦးသေဆုံး၊ ၂ ဦးပျောက်ဆုံး
တူနစ်စ်၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ)
တူနီးရှားနိုင်ငံ ပြည်နယ်အတော်များများတွင် အောက်တိုဘာလ ၁၇ ရက် ညနေမှ ၁၈ ရက်အထိ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေလွှမ်းမိုးမှုများဖြစ်ပွားခဲ့ပြီး လူ ၅ ဦးသေဆုံးကာ ၂ ဦးပျောက်ဆုံးနေကြောင်း တူနီးရှားနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားလိုက်သည်။
မိုးသည်းထန်မှုကြောင့် ရေလွှမ်းမိုးမှုဒဏ်ခံနေရသည့် တူးနစ်မြို့မြင်ကွင်းအား တွေ့ရစဉ် (ဆင်ဟွာ)
မိုးသည်းထန်မှုကြောင့် ရေလွှမ်းမိုးမှုဒဏ်ခံနေရသည့် တူးနစ်မြို့မြင်ကွင်းအား တွေ့ရစဉ် (ဆင်ဟွာ)
မိုးသည်းထန်မှုကြောင့် ရေလွှမ်းမိုးမှုဒဏ်ခံနေရသည့် တူးနစ်မြို့မြင်ကွင်းအား တွေ့ရစဉ် (ဆင်ဟွာ)
မိုးသည်းထန်မှုကြောင့် ပြည်နယ်များစွာရှိ အရေးပါသော အဆောက်အအုံများနှင့် အခြေခံ အဆောက်အအုံများလည်း ပျက်စီးသွားခဲ့သည်။
ဝန်ကြီးချုပ် Youssef Chahed က ၎င်း၏ ဝန်ကြီး ၆ ဦးအား မိုးသည်းထန်မှုဒဏ်ခံရဆုံး ပြည်နယ်များသို့ ဒေသခံများနှင့်သဘာဝဘေးဒဏ်သင့်ဒေသများထံ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်ရန် စေလွှတ်ထားကြောင်း သိရသည်။ (Xinhua)