Connect with us

Europe

ကုန်သွယ်ရေးစစ်ပွဲအရှိန်မြင့်တက်လာခြင်းက ကမ္ဘာ့စီးပွားရေးကို အမှန်ပင် အန္တရာယ်ဖြစ်စေကြောင်း ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ ညွန်ကြားရေးမှူးချုပ်က သတိပေးပြောကြား

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ ညွန်ကြားရေးမှူးချုပ်Roberto Azevedo အား တွေ့ရစဉ်(ဆင်ဟွာ)

လန်ဒန် ၊ အောက်တိုဘာ ၁၉ ရက်(ဆင်ဟွာ)

ကုန်သွယ်ရေးစစ်ပွဲအရှိန်မြင့်တက်လာခြင်းက ကမ္ဘာ့စီးပွားရေးကို အမှန်ပင် အန္တရာယ်ဖြစ်စေနိုင်သလို ကမ္ဘာ့ ကုန်သွယ်ရေးကိုလည်း အကြပ်အတည်း တွေ့စေမည်ဖြစ်ကြောင်း ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ ညွန်ကြားရေးမှူးချုပ်Roberto Azevedoက အောက်တိုဘာ ၁၇ ရက်နေ့က လန်ဒန်တွင် သတိပေးပြောကြားခဲ့သည်။

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ စီးပွားရေးပညာရှင်များက ကုန်သွယ်ရေးစစ်ပွဲ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ် လာခြင်းအပါအဝင် ကုန်သွယ်ရေးပဋိပက္ခမှဖြစ်လာနိုင်ချေ အမျိုးမျိုးကို လေ့လာသုံးသပ်လျက် ရှိကြောင်း Roberto Azevedoက လန်ဒန်မြို့ညစာစားပွဲတွင် ပြောကြားခဲ့သည်။ ထိုသို့လေ့လာသုံးသပ်ရာတွင် ကမ္ဘာ့ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုများ လုံး၀ ပျက်သုန်းသွား သည့် အခြေအနေမျိုး ဖြစ်ပေါ်လာပါက ကမ္ဘာ့ကုန်သွယ်ရေးတိုးတက်မှုနှုန်းသည့် ၁၇ ရာခိုင်နှုန်းအထိ အများဆုံး ကျဆင်းသွားမည်ဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ ပြည်တွင်းထုတ်ကုန် ပမာဏ(GDP)၏ တိုးတက်မှုနှုန်းသည် ၁.၉ ရာခိုင်နှုန်း လျော့နည်းသွားမည်ဖြစ်သောကြောင့် သန်းနှင့်ချီသောပြည်သူ များ အလုပ်အကိုင်အခွင့်အလမ်းများ ဆုံးရှုံး ရမည်ဖြစ်သည်ဟု သိရသည်။

နိုင်ငံတကာလူမှုအဖွဲ့အစည်းများ အားလုံး၏အကျိုးစီးပွားအတွက် တင်းမာသည့်အခြေအနေကို ဖြေလျော့ရန် တာဝန်ရှိကြောင်း၊ နှစ်ဖက် သို့မဟုတ် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အစည်း မူဘောင်အောက် တွင် တွေ့ဆုံဆွေးနွေးမှုများ ပိုမို ဆောင်ရွက်ကာ ဘက်ပေါင်းစုံကုန်သွယ်ရေးစနစ်ဖြင့် အဖြေရှာသင့် ကြောင်း ၊ အကယ်၍ တင်းမာသည့်အခြေအနေကို မဖြေလျော့ဘဲ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု များလုပ်ဆောင်နေပါက ဘက်ပေါင်းစုံကုန်သွယ်ရေးစနစ်ကို ထိခိုက်စေပြီး ရေရှည်တွင် စီးပွားရေး ဆိုးကျိုးရလဒ်များဖြစ်ပေါ်လာကာ အခြေအနေ အလွန် ဆိုးဝါးလာနိုင်ကြောင်း Roberto Azevedoက သတိပေးပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.