Connect with us

Europe

တူရကီတပ်ဖွဲ့အား ပစ်မှတ်ထားလာပါက “ မည်သည့်နေရာတွင်မဆို” ဆီးရီးယားအား တိုက်ခိုက်မည်ဟု တူရကီသမ္မတ ခြိမ်းခြောက်

တူရကီနိုင်ငံသမ္မတ အာဒိုဂန်မိန့်ခွန်းပြောကြားနေစဉ်(ဆင်ဟွာ)

အန်ကာရာ ၊ ဖေဖော်ဝါရီ ၁၃ ရက်(ဆင်ဟွာ)

တူရကီနိုင်ငံသမ္မတအာဒိုကန်က ဆီးရီးယားနိုင်ငံ Idlib ပြည်နယ်အတွင်းရှိ တူရကီစစ်သားများအား နောက်ထပ်တစ်ကြိမ် ပစ်မှတ်ထားတိုက်ခိုက်လာပါက “ မည်သည့်နေရာတွင်မဆို ” ဆီးရီးယားစစ်တပ်အား လက်တုံ့ပြန်တိုက်ခိုက်သွားမည်ဟု ဖေဖော်ဝါရီ ၁၂ ရက်တွင် ခြိမ်းခြောက် ပြောဆိုလိုက်သည်။

“စောင့်ကြည့်ရေးနေရာတွေမှာဖြစ်ဖြစ် ဒါမှမဟုတ် အခြားဆီးရီးယားရဲ့ တစ်နေရာမှာဖြစ်ဖြစ် အကယ်၍ ကျနော်တို့စစ်သားတွေ ထိခိုက်နာကျင်ရတာမျိုးဖြစ်လာမယ်ဆိုရင် လက်တုံ့ပြန်ပစ်မယ် ၊ “Sochi ” သဘောတူညီချက်ကိုလည်း ဂရုစိုက်နေမှာမဟုတ်ဘူး။ ဆီးရီးယားတပ်ဖွဲ့တွေကို တူရကီဘက်က တိုက်ခိုက်သွားမယ့်ကြောင်း ကျွန်တော်ကြေညာပါတယ်” ဟု တူရကီလွှတ်တော်၌ ပါတီဝင်များ မိန့်ခွန်းပြောကြားစဉ် အာဒိုဂန်က အထက်ပါအတိုင်းထည့်သွင်း ပြောကြားခဲ့သည်။ ဆိုချီသဘောတူညီချက် “Sochi deal ”သည် ဆီးရီးယားမြောက်ပိုင်းဒေသ တည်ငြိမ်ရေးအတွက် ရုရှားနှင့်တူရကီအကြား ရေးထိုးထားသော သဘောတူညီချက်တစ်ခုဖြစ်သည်။

သူပုန်များနောက်ဆုံးသိမ်းပိုက်ထားသောနေရာ၌ အပစ်အခတ်ရပ်စဲရေးစောင့်ကြည့်ရန် ရည်ရွယ်၍ Idlib ပြည်နယ်အတွင်း စောင့်ကြည့်ရေး နေရာ ၁၂ ခုကို သတ်မှတ်ထားပြီး ယင်းနေရာများအား ရည်ညွှန်း၍ အာဒိုဂန်က ဆိုခဲ့ခြင်းဖြစ်သည်။တူရကီတပ်ဖွဲ့ဝင်များအား နောက်ထပ်တစ်ကြိမ် ထပ်မံတိုက်ခိုက်လာပါက ဆီးရီးယားအစိုးရအား “တွေဝေ တွန့်ဆုတ်မှုမရှိဘဲ” မြေပြင်(သို့မဟုတ်) ဝေဟင်တိုက်ခိုက်မှုများကို တူရကီဘက်က လုပ်ဆောင်သွားမည်ဟု အာဒိုဂန်က ဆိုသည်။ 

တူရကီနိုင်ငံသည် ဆီးရီးယားနိုင်ငံသို့ တပ်ဖွဲ့ဝင်များ စေလွှတ်ခဲ့ပြီးနောက်ပိုင်းတွင် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုများ မကြာခဏ ဖြစ်ပွားခဲ့ပြီး Idlib ပြည်နယ်တွင် ယခင်အပတ်မှစတင်ကာ တိုက်ပွဲနှစ်ကြိမ်အတွင်း တူရကီစစ်သား ၁၃ ဦး ကျဆုံးခဲ့ကြောင်း သိရသည်။တစ်ချိန်တည်းမှာပင် Idlib ပြည်နယ် တည်ငြိမ်အေးချမ်းမှုဖော်ဆောင်ရေး ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းအဖြစ် တူရကီ နှင့် ရုရှား အစိုးရအရာရှိများအကြား ညှိနှိုင်းဆွေးနွေးမှုများ ဆက်လက်ပြုလုပ်ရန် တူရကီကိုယ်စားလှယ်အဖွဲ့တစ်ခုကို ရုရှားနိုင်ငံသို့ စေလွှတ်မည့်အကြောင်း တူရကီနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး Mevlut Cavusogluက ထုတ်ဖော်ကြေညာခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.