Connect with us

Europe

တူရကီနိုင်ငံတွင် ဘတ်စ်ကားနှင့် ယာဉ်ငယ်တစ်စီးတိုက်မိမှုကြောင့် လူ ၃၆ ဦး ဒဏ်ရာရ

တူရကီတွင် ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှု တစ်ခုအား တွေ့ရစဉ်(ဆင်ဟွာ)

အစ္စတန်ဘူလ်၊ ဒီဇင်ဘာ ၆ ရက်(ဆင်ဟွာ)

တူရကီနိုင်ငံ အနောက်ပိုင်း Izmir ပြည်နယ်တွင် ဒီဇင်ဘာ ၅ ရက်က ခရီးသည်တင်ဘတ်စ်ကားနှင့် ယာဉ်ငယ်တစ်စီး တိုက်မိမှုဖြစ်ပွားရာ လူ ၃၆ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အချင်းဖြစ်ပွားသည့် ဘတ်စ်ကားသည် အလုပ်သမားဝန်ထမ်းများကို စက်ရုံသို့ပို့ဆောင်ရန် မောင်းနှင် လာခြင်းဖြစ်ရာ Bergama ဒေသ အရောက်တွင် မော်တော်ယာဉ်ငယ်တစ်စီးနှင့်တိုက်မိပြီးဘေးစောင်း တိမ်းမှောက်ခဲ့ကြောင်း တူရကီမီဒီယာများ၏ သတင်းများအရ သိရသည်။

အချင်းဖြစ်ပွားပြီးနောက် ဒဏ်ရာရသူများကို ဆေးရုံသို့ ပို့ဆောင်ကုသထားကြောင်းနှင့် ယာဉ်မတော် တဆမှု ဖြစ်ပွားရခြင်း အကြောင်းရင်းကို မသိရသေးကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.