Europe
တူရကီ နိုင်ငံ တွင် သမ္မတ ကျမ်းသစ္စာ ကျိန်ဆိုပွဲ အခမ်းအနား ကျင်းပ ပြုလုပ် ခဲ့ပြီး ဝန်ကြီး အဖွဲ့ အဖွဲ့ဝင် စာရင်း ထုတ်ပြန်ကြေညာ

အန်ကာရာ ၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ)
တူရကီ နိုင်ငံ သမ္မတ Recep Tayyip Erdoğan က ဇူလိုင်လ ၉ ရက် တွင် အန်ကာရာ မြို့၌ သမ္မတ ရာထူး ကျမ်းသစ္စာ ကျိန်ဆိုပွဲ အခမ်းအနား တစ်ရပ် ကျင်းပပြုလုပ် ခဲ့ပြီး ဝန်ကြီး အဖွဲ့ အဖွဲ့ဝင် စာရင်း အား ထုတ်ပြန်ကြေညာ ခဲ့သည်။
သမ္မတ ကျမ်းသစ္စာ ကျိန်ဆိုပွဲ ကို သမ္မတ အိမ်တော် တွင် ကျင်းပ ပြုလုပ်ခဲ့ပြီး Recep Tayyip Erdoğan က မိန့်ခွန်းပြောကြားရာတွင် အစိုးရ အဖွဲ့အသစ် တည်ထောင်ပြီးနောက် တွင် တူရကီ နိုင်ငံ နိုင်ငံရေး ဖွဲ့စည်းပုံ အား ပါလီမန် ဒီမိုကရေစီစနစ် (Parliamentary system) မှ သမ္မတ စနစ် (Presidential system) သို့ ပြောင်းလဲကာ တူရကီ နိုင်ငံ အား ခေတ်သစ် တစ်ခု သို့ ဝင်ရောက် စေမည် ဖြစ်ကြောင်း ၊ အစိုးရ သစ် အနေဖြင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန် အတွက် အလေးထား ဆောင်ရွက်မည် ဖြစ်ပြီး အထူးသဖြင့် နိုင်ငံတော် ကာကွယ်ရေး လုပ်ငန်း နှင့် နယ်စပ် လုံခြုံရေး လုပ်ငန်း များကို တိုးချဲ့ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
အခမ်းအနား အပြီးတွင် တူရကီ နိုင်ငံ သမ္မတ က သမ္မတ အိမ်တော် တွင် သတင်းစာရှင်းလင်းပွဲ တစ်ရပ် ကျင်းပ ပြုလုပ်ခဲ့ပြီး တူရကီ နိုင်ငံ ဝန်ကြီးများ အဖွဲ့ ၏ အဖွဲ့ဝင် စာရင်းအား ထုတ်ပြန်ကြေညာ ခဲ့သည်။ အစိုရ ဝန်ကြီးများ အဖွဲ့သစ် ကြေညာ ခဲ့ရာ တွင် ယခင် အကြိမ် အဖွဲ့ဝင် ၂၆ ဦး အား ၁၆ ဦး အထိ လျှော့ချ ခဲ့ပြီး ဝန်ကြီးဌာန အချို့အား ပေါင်းစပ် လိုက်ကြောင်း သိရှိရသည်။
တူရကီ နိုင်ငံ တွင် ဇွန်လ ၂၄ ရက်နေ့ ၌ သမ္မတ နှင့် လွှတ်တော် ကိုယ်စားလှယ် ရွေးကောက်ပွဲ ကျင်းပ ပြုလုပ် ခဲ့ပြီး Recep Tayyip Erdoğan က ၅၂.၅၉ ရာခိုင်နှုန်းဖြင့် သမ္မတ အဖြစ် ရွေးကောက်ခံခဲ့ရကြောင်း သိရှိရသည်။(Xinhua)