Connect with us

Europe

နယ်သာလန်လေဆိပ်ရှိ လေယာဉ်တစ်စီးတွင် ဗုံးလန့်မှုဖြစ်ပွား

ဗုံးလန့်မှုဖြစ်ပွားခဲ့သည့် နယ်သာလန်နိုင်ငံ Eindhoven လေဆိပ်အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

နယ်သာလန်၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ)

နယ်သာလန်နိုင်ငံ Eindhoven လေဆိပ်ရှိ လေယာဉ်တစ်စင်းတွင် ဗုံးလန့်မှုတစ်ခုဖြစ်ပွားခဲ့ရာ ဘေးကင်းအောင်ဆောင်ရွက်ခဲ့ရကြောင်း နယ်သာလန်ရုပ်သံလိုင်း NOS က ဇူလိုင် ၉ရက် ညနေပိုင်းတွင် ဖော်ပြခဲ့သည်။

ယင်းလေယာဉ်သည် စကော့တလန်နိုင်ငံသို့ ပံျသန်းထွက်ခွာမည့် Ryanair လေကြောင်းလိုင်း မှ လေယာဉ်တစ်စီး ဖြစ်ပြီး နယ်သာလန်လုံခြုံရေးတပ်ဖွဲ့က လေယာဉ်ပေါ်တွင် ဖောက်ခွဲရေးပစ္စည်းပါရှိခြင်း ရှိ၊မရှိ အနံ့ခံခွေးများဖြင့် စစ်ဆေးခဲ့ကြောင်း Eindhovens Dagblad သတင်း၌ဖော်ပြခဲ့သည်။

ဗုံးပါရှိကြောင်းရေးသားထားသည့် ခြိမ်းခြောက်စာအား လေယာဉ်ပေါ်တွင် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး အဆိုပါ လေယာဉ်သည် ညနေ ၈း၁၀နာရီတွင် လေဆိပ်မှ ထွက်ခွာရမည်ဖြစ်ကာ ယင်းဖြစ်ရပ်ကြောင့် အခြား လေယာဉ်ပျံသန်းမှုများ နှောင့်နှေးခဲ့ခြင်းမရှိကြောင်း နယ်သာလန်သတင်းစာက ဖော်ပြခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.