Europe
ပိုကီမွန် ကစားရင်း သြစတြေးလျ အမျိုးသား တစ်ဦး မြစ်ထဲ ပြုတ်ကျ
ဆစ်ဒနီ၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ)
အနောက် သြစတြေးလျနိုင်ငံသား တစ်ဦးသည် ပိုကီမွန် ဂိုး ကစားနေစဉ် စက်တင်ဘာလ ၁၂ ရက်က Perth မြို့ရှိ Swan မြစ်အတွင်းသို့ ပြုတ်ကျခဲ့ကြောင်း ဒေသခံ မီဒီယာက သတင်းတင်ပြခဲ့သည်။
ဒေသစံတော်ချိန် နေ့လည် ၁၂း၄၅ နာရီဝန်းကျင်၌ အမျိုးသား တစ်ဦး ဘားရတ်လမ်း ဆိပ်ခံတံတားပေါ်မှ မြစ်အတွင်းသို့ ပြုတ်ကျသွားသည့် မြင်ကွင်းအား မျက်မြင်သက်သေ ဖြစ်သူ လုံခြုံရေး အရာရှိထံမှ အစီရင်ခံစာ အပေါ် အနောက် သြစတြေးလျ ရဲတပ်ဖွဲ့က စာမျက်နှာ သုံးမျက်နှာရှိသော ကြေညာချက် တစ်စောင်အား ဖေ့ဘွတ်၌ ဖော်ပြခဲ့ကြောင်း သိရသည်။
အရေးပေါ် မီးရောင်များနှင့် အချက်ပေး ဥသြများနှင့်အတူ ရဲတပ်ဖွဲ့က ရောက်ရှိလာချိန်၌ လုံခြုံရေး အရာရှိက အဆိုပါ အမျိုးသားအား ရေထဲမှ ဆိပ်ခံတံတားပေါ်သို့ ဆွဲတင်ခဲ့ပြီး ဖြစ်ကြောင်း အနောက် သြစတြေးလျ ရဲတပ်ဖွဲ့က ပြောသည်။
ယင်း အမျိုးသားသည် ပိုကီမွန် တစ်ကောင် ဖမ်းရန် ကြိုးစားစဉ် ရေထဲသို့ ပြုတ်ကျခဲ့ခြင်း ဖြစ်ပြီး ကံကောင်း ထောက်မစွာ ဒဏ်ရာရရှိခဲ့ခြင်း မရှိပေ။
အနောက် သြစတြေးလျ ရဲတပ်ဖွဲ့ အနေဖြင့် ဇူလိုင်လက ကျော်ကြားသည့် မိုဘိုင်းဂိမ်း တစ်ခု ဖြစ်သည့် ပိုကီမွန် ဂိမ်း ကစားရာတွင် အများပြည်သူ လုံခြုံရေးအတွက် ကြေညာချက် တစ်စောင် ထုတ်ပြန်လိုက်ပြီးနောက် ယခုလို မတော်တဆမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ယခုလို ပိုကီမွန် ဂိမ်း ကစားရင်း မြစ်ထဲ ပြုတ်ကျသွားသည့် အမျိုးသား တစ်ဦး၏ ဖြစ်ရပ်အား အကြိမ်ပေါင်း ၁,၂၀၀ ကျော် မျှဝေခဲ့ကြပြီး ပြည်နယ်အတွင်း ပိုကီမွန် ဂိုး ဂိမ်းကစားရာတွင် ဘေးကင်း လုံခြုံစေရေးနှင့် တရားဝင် ကစားကြရန် အနောက် သြစတြေးလျ နိုင်ငံသားများအား ရဲတပ်ဖွဲ့က တိုက်တွန်းထားသည်။ (Xinhua)