Connect with us

Europe

ရီယဲလ် နှင့် အက်လက်တီကို အသင်းတို့၏ ကစားသမားအပြောင်းအရွှေ့ကို ဖီဖာပိတ်ပင်

ရီယဲလ်မက်ဒရစ် နှင့် အက်လက်တီကို အသင်းတို့ယဉ်ပြိုင်ကစားနေကြစဉ်(ဓာတ်ပုံ-အင်တာနက်)

မက်ဒရစ် ၊ စက်တင်ဘာလ ၉ ရက် (ဆင်ဟွာ)

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)သည် စပိန် ရီယဲလ်မက်ဒရစ် နှင့် အက်လက်တီကို ကလပ်အသင်းနှစ်သင်း၏ လူငယ်လေ့ကျင့်ရေးအစီအစဉ်တွင် အပြောင်းအရွှေ့ပြုလုပ်ရာ၌ ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်း မရှိသဖြင့် ၎င်း ကလပ်အသင်းနှစ်သင်း၏ အပြောင်းအရွှေ့ဈေးကွက်ကို စက်တင်ဘာလ ၈ ရက်တွင် ပိတ်ပင်တားမြစ်လိုက်ကြောင်း သိရသည်။

အဆိုပါ နှစ်သင်းစလုံးသည် ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလအထိ မည်သည့် ကစားသမားအပြောင်းအရွှေ့မျှ လက်မှတ်ထိုးခွင့်ရမည်မဟုတ်ကြောင်း သိရသည်။ “ လက်ရှိ အသက် ၁၈ နှစ်အောက် ကစားသမား တွေရဲ့ အပြောင်းအရွှေ့ဟာ နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်နေတယ်” ဟု ဆိုသည်။
၎င်းတို့၏ လူငယ်လေ့ကျင့်ရေးအစီအစဉ်ကြောင့် ကလပ်အသင်း နှစ်သင်းစလုံးသည် ဖီဖာ၏ အပြောင်းအရွှေ့ရာသီပြန်ဖွင့်မည့် ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလအထိ ရပ်ဆိုင်းထားရမည်ဖြစ်ကြောင်း အမိန့်ချမှတ်ခံထားရသည်။ အဆိုပါ ပြစ်ဒဏ်အား ကလပ်အသင်း နှစ်သင်းစလုံးမှ အယူခံဝင်ထားကြောင်း သိရသည်။
အဆိုပါ ပြစ်ဒဏ်အပေါ်ရီယဲလ်မက်ဒရစ်အသင်းက အားကစားအနုညာတခုံရုံးဆုံးဖြတ်ချက်(TAS)၌ အယူခံဝင်ခဲ့သော်လည်း ပယ်ချခံရသည်။ အလားတူ အက်လက်တီကိုအသင်း၏ အယူခံမှုမှာလည်း ပယ်ချခံရကြောင်း သိရသည်။
အလားတူပြစ်မှုမျိုးကို ဘာစီလိုနာ အသင်းက ၂ဝ၁၅ ခုနှစ် နွေရာသီအပြောင်းအရွှေ့ဈေးကွက်၌ ကျူးလွန်ခဲ့သော်လည်း အယူခံဝင်ရာတွင် အောင်မြင်ခဲ့ကြောင်း သိရသည်။ အဆိုပါပြစ်ဒဏ်များကြောင့် ရီယဲလ်မက်ဒရစ် အသင်းသည် ဖီဖာအား ဒဏ်ကြေး ဆွစ်ဇာလန်ငွေ ၃၆ဝ,ဝဝဝ ဖရမ့်စ် ပေးဆောင်ရချိန်တွင် အက်လက်တီကို အသင်းက ၉ဝဝ,ဝဝဝ ဖရမ့်စ်ပေးဆောင်ခဲ့ရသဖြင့် ပြင်းထန်စွာရှုတ်ချခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.