Europe
ပိုလန်နိုင်ငံအနောက်ပိုင်းရှိ ကြေးနီသတ္တုတွင်း၌ ငလျင်လှုပ်ခတ်မှုကြောင့် မိုင်းလုပ်သား ၉ဦးပျောက်ဆုံးနေ
ဝါဆော၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ)
ပိုလန်နိုင်ငံ အနောက်ပိုင်း ရှိ Rudna ကြေးနီသတ္တုတွင်း၌ ဇန်နဝါရီ ၂၉ ရက်က ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီးနောက် မိုင်းလုပ်သား ၉ဦး ပျောက်ဆုံးနေကြောင်း အဆိုပါမိုင်းတွင်းအား လုပ်ကိုင်နေသည့် KGHM ကုမ္ပဏီကပြောကြားခဲ့သည်။
ငလျင်လှုပ်ခတ်ခဲ့သည့် မွန်းလွဲ ၂နာရီ တွင် အဆိုပါဧရိယာ၌ မိုင်းလုပ်သား ၃၂ဦးရှိနေပြီး မိုင်းလုပ်သား ၉ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း၊ ဒဏ်ရာအနည်းငယ်ရရှိသူ ၇ဦးကို ဆေးကုသပေးရန် ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း ကုမ္ပဏီက ၎င်း၏တွစ်တာ ၌ရေးသားခဲ့သည်။
ကယ်ဆယ်ရေးအဖွဲ့များသည် အခင်းဖြစ်ပွားရာ၌ ပျောက်ဆုံးနေသူ မိုင်းလုပ်သားများကို ရှာဖွေနေဆဲဖြစ်ကြောင်း သိရသည်။
အစောပိုင်းတွင် ကုမ္ပဏီက မိုင်းလုပ်သား ၁၄ဦး ပျောက်ဆုံးနေကြောင်းပြောကြားခဲ့သည်။ (Xinhua)