Europe
ပိုလန်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဘတ်စ်ကားတိမ်းမှောက်မှုဖြစ်ပွားပြီး လူ ၁ ဦးသေဆုံးကာ ၄၄ ဦး ဒဏ်ရာရ
ဝါဆော၊ ဒီဇင်ဘာ ၇ ရက် (ဆင်ဟွာ)
ပိုလန်နိုင်ငံ အနောက်တောင်ပိုင်း Silesia ပြည်နယ်အောက်ပိုင်း Sucha Gorna ကျေးရွာအနီးတွင် ဘတ်စ်ကားတစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး လူ ၁ ဦးသေဆုံးကာ အခြားသူ ၄၄ ဦးဒဏ်ရာရရှိခဲ့ကြေင်း ဒေသခံမီဒီယာက ဒီဇင်ဘာလ ၆ ရက်၌ ဖော်ပြထားသည်။
ပိုလန်နိုင်ငံ သတင်းဝက်ဘ်ဆိုက်ဖြစ်သော RMF24 အရ ထို ယာဉ်မတော်တဆမှုမှာ ဒီဇင်ဘာလ ၆ ရက်က Sucha Gorna ကျေးရွာအနီး S3 လမ်းမသို့ အဝင်လမ်းပေါ်တွင် လမ်းဘေးချော်ကျသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဒဏ်ရာရသူများအနက် ၁၄ ဦးက စိုးရိမ်ဖွယ်ဖြစ်ပြီး ကျန်ရှိသူ ၃၀ ဦးမှာမူ အသေးအဖွဲဒဏ်ရာများသာ ရရှိခဲ့ကြောင်း ကယ်ဆယ်ရေးသမားများက ဒေသခံမီဒီယာသို့ ပြောကြားခဲ့သည်။
အခင်းဖြစ်ပွားရာနေရာသို့ အနီးဝန်းကျင်မြို့များမှာ စက်ကိရိယာကြီးများနှင့်အတူ မီးသတ်သမား ၂၀ ကျော် ချက်ချင်းရောက်ရှိလာခဲ့ကြောင်း၊ S3 လမ်းမအား နောက်ထပ်သတိပေးချက် ထုတ်ပြန်ခြင်းမပြုမီအထိ ပိတ်ထားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)