Europe
ပြင်သစ်နိုင်ငံ နှင်းလျှောစီး အပန်းဖြေစခန်းတစ်ခု မီးလောင်မှုဖြစ်ပွား ၊ လူ ၂ ဦး သေဆုံး ၂၀ ကျော် ဒဏ်ရာရ

ပါရီ ၊ ဇန်နဝါရီ ၂၁ ရက်(ဆင်ဟွာ)
ပြင်သစ်နိုင်ငံ အရှေ့တောင်ပိုင်း Savoieပြည်နယ်ရှိ နှင်းလျှောစီး အပန်းဖြေစခန်းတစ်ခုတွင် ဇန်နဝါရီ ၂၀ ရက်က မီးလောင်မှုဖြစ်ပွားရာ လူ ၂ ဦး သေဆုံးပြီး လူ ၂၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အချင်းဖြစ်ရပ်မှာ Courchevel နှင်းလျှောစီးအပန်းဖြေစခန်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ၊ ဒဏ်ရာရသူများအနက် ၄ ဦးမှာ ဒဏ်ရာပြင်းထန်ပြီး ၁၈ ဦးမှာ ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း ပြင်သစ်နိုင်ငံ BFMTV ရုပ်မြင်သံကြားဌာန၏ သတင်းများအရ သိရသည်။ မီးလောင်မှုဖြစ်ပွားသည့်အဆောက်အဦအတွင်း အလုပ်သမား ၁၀၀ ကျော်ရှိကြောင်း ၊မီးကူးဆက်မှု အလွန်မြန်ဆန်သောကြောင့် အချို့မှာ တိုက်ပေါ်မှ မလွဲမရှောင်သာ ခုန်ချထွက်ပြေးခဲ့ရကြောင်း သိရသည်။
မီးသတ်ဌာနက မီးသတ်သမား ၁၀၀ကျော်ဖြင့် မီးငြှိမ်းသတ်ခဲ့ရကြောင်း ၊လက်ရှိတွင် မီးငြိမ်းသွားပြီ ဖြစ်ကြောင်းနှင့် အချင်းဖြစ်ပွားသည့်အကြောင်းရင်းကို စုံစမ်းစစ်ဆေးလျက်ရှိကြောင်း ဆိုသည်။
(Xinhua)