Connect with us

Europe

၂၀၁၈ ခုနှစ်တွင် ဆိုက်ပရပ် နိုင်ငံ ခရီးသွား လုပ်ငန်း ၇.၈ ရာခိုင်နှုန်း တိုးတက်လာ

ဆိုက်ပရပ် နိုင်ငံမှ ကမ္ဘာလှည့် ခရီးသွားများ လာရောက်ရာ ပါပို့ စ် မြို့ အား တွေ့ ရစဉ်(ဆင်ဟွာ)

နီကိုရှား ၊ ဇန်နဝါရီ ၁၉ ရက်(ဆင်ဟွာ)

ဆိုက်ပရပ် နိုင်ငံ စီးပွားရေး ၂၀၁၃ ခုနှစ်တွင် စီးပွားရေး အကျပ်အတည်း နိမ့်ကျနေသည့် အခြေအနေမှ ဆွဲတင်နိုင်ခြင်း နှင့် တိုးတက်မှု အတွက် ဆက်လက် မောင်းနှင်ပေးသော အဓိက ကဏ္ဍ ဖြစ်သည့် ခရီးသွား လုပ်ငန်းသည် ၂၀၁၈ တွင် ၇.၈ ရာခိုင်နှုန်း အထိ တိုးတက်လာကြောင်း ဆိုက်ပရပ် စာရင်းအင်း ဌာနမှ ဇန်နဝါရီ ၁၈ ရက်တွင် ထုတ်ပြန်သော အချက်အလက်များ အရ သိရသည်။

ဆိုက်ပရပ် နိုင်ငံသို့၂၀၁၇ ခုနှစ်တွင် ခရီးသွား ဦးရေ ၃,၆၅၂,၀၀၀ ဝင်ရောက်ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် ခရီးသွား ဦးရေ ၃,၉၃၉,၀၀၀ ဝင်ရောက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆိုက်ပရပ် နိုင်ငံသို့၂၀၁၈ ခုနှစ်တွင် ခရီးသွား ဝင်ရောက်မှု အရေအတွက်မှာ သမိုင်း တစ်လျှောက် အမြင့်ဆုံး ဖြစ်ခဲ့ကြောင်း ထည့်သွင်း ဖော်ပြထားသည်။

ဆိုက်ပရပ် နိုင်ငံ၏ အဓိက ခရီးသွား ဈေးကွက်မှာ ဗြိတိန် နိုင်ငံမှ ခရီးသွားများ ဝင်ရောက်မှု တိုးတက် လာခြင်း ကြောင့် ဖြစ်ပြီး ဂရိ နိုင်ငံသည်လည်း ဆိုက်ပရပ် နိုင်ငံ၏ ဒုတိယ ခရီးသွားများ လာရောက်ရာ အရင်းအမြစ် တစ်ခု ဖြစ်ကြောင်း သိရသည်။

ဆိုက်ပရပ် နိုင်ငံ စီးပွားရေးတွင် ခရီးသွား လုပ်ငန်း ကဏ္ဍသည် အဓိက စီးပွားရေး ကဏ္ဍ ဖြစ်ပြီး စီးပွားရေးကို ၂၀၁၈ ခုနှစ်တွင် ၄.၀ ရာခိုင်နှုန်း တိုးတက်မှုဖြင့် အထောက်အကူ ပြုခဲ့ကြောင်း ၊ ယခုနှစ်တွင်လည်း ပိုမို တိုးတက်ရန် မျှော်လင့်ထားကြောင်း ဥရောပ သမဂ္ဂနှင့် ဆိုက်ပရပ် တို့၏ ထုတ်ပြန်မှုများ အရ သိရသည်။

ဆိုက်ပရပ် နိုင်ငံ၏ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းသည် ၂၀၁၉ ခုနှစ်တွင် ၇ ရာခိုင်နှုန်း နှင့် ၈ ရာခိုင်နှုန်း အကြား တိုးတက်လာမည်ဟု အဆိုပါ ထုတ်ပြန်ချက်များက ဖော်ပြထားရာ ကမ္ဘာလှည့် ခရီးသွား ၄ သန်းကျော် ရောက်ရှိလာနိုင်မည် ဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.