Connect with us

Europe

ပြင်သစ်နိုင်ငံ အနောက်တောင်ပိုင်းတွင် တိုက်ခန်းမီးလောင်မှုကြောင့် လူ ၅ဦးသေဆုံး

အခင်းဖြစ်ပွားရာသို့ ရောက်ရှိလာသည့် ရဲကားတစ်စီးအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ပါရီ၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)

ပြင်သစ်နိုင်ငံ အနောက်တောင်ပိုင်း Pau မြို့ တွင် ဇူလိုင် ၁၀ ရက် က မိသားစုတစ်ခု အကြား အငြင်းပွားမှုတစ်ခု ဖြစ်ပွားပြီးနောက် ၎င်းတို့၏ နေအိမ်၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ ၂နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် လူ ၅ဦးသေဆုံးခဲ့ကြောင်း ပြည်တွင်းမီဒီယာက ဖော်ပြခဲ့သည်။

စုံစမ်းစစ်ဆေးမှု နှင့် နီးကပ်သည့် သတင်းရင်းမြစ်များကို ကိုးကား၍ BFMTV သတင်းရုပ်သံလိုင်း က ၄ထပ်အဆောက်အအုံ၏ ပထမထပ် အခန်းမှ ဇူလိုင် ၁၀ ရက် အစောပိုင်းတွင် မီးစတင်လောင်ကျွမ်းခဲ့ကြောင်း ဖော်ပြခဲ့သည်။

အဆိုပါ တိုက်ခန်းတွင် စုံတွဲ ၂တွဲ နေထိုင်ပြီး တစ်စုံတစ်ယောက်က ဆိုဖာအား မီးရှို့ခဲ့ကြောင်း နှင့် ယင်းနေ့ နံနက်အစောပိုင်းတွင် မီးခိုးများ ထွက်လာသည်ကို တွေ့မြင်ခဲ့သည့် အိမ်နီးချင်းများက မီးသတ်ဌာနအား အကြောင်းကြားခဲ့ကြောင်း Pau မြို့ ပထမ ဒုတိယမြို့တော်ဝန် Jean-Paul Brin ကပြောကြားခဲ့သည်။

၎င်းက မိသားစု အငြင်းပွားမှုမှ လူသေဆုံးမှု ဖြစ်ပွားခဲ့ခြင်းဖြစ်နိုင်ကြောင်း နှင့် အသေးစိတ်အချက်အလက်ကို မည်သူမျှ သိရှိခြင်းမရှိကြောင်း ပြောကြားခဲ့သည်။

သတင်းများအရ အဆိုပါ တိုက်ခန်းအတွင်း လူတစ်ဦးအား ကြိုးတုပ်ထားပြီး အနီးအနားတွင် သွေးကွက်များ တွေ့ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

သေဆုံးသူများသည် မည်သူဖြစ်ကြောင်း နှင့် ယင်းဖြစ်ရပ်အား အသေးစိတ်သိရှိရန် စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.