Europe
ပြင်သစ်နိုင်ငံ အရှေ့တောင်ပိုင်းတွင် သေနတ်ပစ်ခတ်မှုကြောင့် လူ ၂ဦးသေဆုံး

ပါရီ၊ နိုဝင်ဘာ ၂၃ ရက် (ဆင်ဟွာ)
ပြင်သစ်နိုင်ငံ အရှေ့တောင်ပိုင်း ရှိ Martigues မြို့၌ သန်းခေါင်ယံအချိန် တွင် မူးယစ်ဆေးဝါးဂိုဏ်းများနှင့် ဆက်စပ်နေသော သေနတ်ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ရာ လူငယ်အမျိုးသား ၂ဦးသေဆုံးခဲ့ကြောင်း ပြည်တွင်းသတင်း၌ဖော်ပြခဲ့သည်။
ပြင်သစ်နိုင်ငံ အရှေ့တောင်ပိုင်း မြို့ရှိ အဆောက်အအုံတစ်ခုအနီးတွင် နိုဝင်ဘာ ၂၂ရက် ဒေသစံတော်ချိန် နံနက် ၄း၀၀နာရီက သေနတ်သမားများက ယင်းလူငယ် ၂ဦးကို ပစ်သတ်ခဲ့ကြောင်း BFM TV ရုပ်သံလိုင်းက ဖော်ပြခဲ့သည်။
သေနတ်သမားများသည် အသက် ၂၂နှစ် နှင့် ၂၈နှစ်အရွယ် လူငယ်များကို ပစ်မှတ်ထား ပစ်ခတ်ပြီးနောက် ထွက်ပြေးသွားခဲ့ကြောင်း သတင်း၌ဖော်ပြထားသည်။
ပြင်သစ်နိုင်ငံ အရှေ့တောင်ပိုင်းတွင် နိုဝင်ဘာ ၂၁ ရက်ကလည်း မူးယစ်ဆေးဝါးနှင့် ပတ်သက်သော အခြားသော သေနတ်ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ပြီး အသက် ၁၉နှစ်အရွယ် ဆယ်ကျော်သက် ယောကျာ်းလေးတစ်ဦးသေဆုံးခဲ့ကြောင်း ပြောကြားခဲ့သည်။
၂၀၁၈ခုနှစ် ယခုအချိန်အထိ အဆိုပါဒေသအတွင်း အလားတူ ဖြစ်စဉ်မျိုးကြောင့် လူ ၁၉ဦး ပစ်သတ်ခံခဲ့ရကြောင်း သိရသည်။ (Xinhua)