Connect with us

Europe

ပူတင် နှင့် ဆော်ဒီအိမ်ရှေ့စံမင်းသား တို့ G20 ထိပ်သီးအစည်းအဝေးတွင် တွေ့ဆုံမည်ဖြစ်ကြောင်း ကရင်မလင်နန်းတော် ထုတ်ပြန်

ဆော်ဒီအိမ်ရှေ့စံမင်းသား မိုဟာမက်ဘင်ဆယ်လ်မန် (ဝဲ) နှင့် ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင် (ယာ)တို့အား တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ နိုဝင်ဘာ ၂၂ ရက် (ဆင်ဟွာ)

အာဂျင်တီးနားနိုင်ငံတွင် ပြုလုပ်မည့် G20 ထိပ်သီးအစည်းအဝေး ၌ ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင် နှင့် ဆော်ဒီအိမ်ရှေ့စံ မင်းသား မိုဟာမက်ဘင်ဆယ်လ်မန် တို့ တွေ့ဆုံသွားမည်ဖြစ်ကြောင်း ကရင်မလင်နန်းတော်က နိုဝင်ဘာ ၂၁ ရက်တွင်ထုတ်ပြန်ခဲ့သည်။

ကရင်မလင်နန်းတော် ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က ၎င်းတို့ နှစ်ဦးတွေ့ဆုံချိန်တွင် အတက်အကျမတည်ငြိမ်သော ရေနံဆီဈေးနှုန်းနှင့် ပတ်သက်၍ ဆွေးနွေးနိုင်ခြေရှိ၊မရှိကို မူ ပြောပြနိုင်ခြင်းမရှိကြောင်း ပြောကြားခဲ့သည်။

ရုရှားနိုင်ငံ နှင့် ဆော်ဒီနိုင်ငံတို့သည် ကမ္ဘာ့ပေါ်တွင် အဓိက ရေနံထုတ်လုပ်သည့် နိုင်ငံများဖြစ်ကြောင်း သိရသည်။

ဆော်ဒီဘုရင် ဆယ်လ်မန်ဘင်အဗ္ဗဒူလာဇစ် သည် ၂၀၁၇ခုနှစ် အောက်တိုဘာလတွင် ရုရှားနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့ပြီး အနည်းဆုံး အမေရိကန်ဒေါ်လာ ၂.၁ ဘီလီယံတန်ဖိုးရှိ စာချုပ်များကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.