Europe
ပြင်သစ်သမ္မတ သည် ဂျာမနီဝန်ကြီးချုပ်နှင့်တွေ့ဆုံကာ အီးယူ အစည်းအဝေးပွဲအတွက် ဆွေးနွေးသွားမည်
ပါရီ၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ)
ပြင်သစ်နိုင်ငံ သမ္မတ ဖရန်ဆွာ ဟော်လန်ဒီ (Francois Hollande) နှင့် ဂျာမနီဝန်ကြီးချုပ် အန်ဂျလာ မာကယ် (Angela Merkel) တို့သည် စက်တင်ဘာ ၁၅ရက်တွင် ပါရီမြို့၌ တွေ့ဆုံကာ Bratislava မြို့တွင် ကျင်းပမည့် ဥရောပသမဂ္ဂ (EU) အစည်းအဝေးနှင့် ပတ်သက်၍ ပြင်ဆင်မှုများအား ဆွေးနွေးသွားမည်ဖြစ်သည်။
စက်တင်ဘာ ၁၆ ရက်တွင်ကျင်းပရန် စီစဉ်ထားသည့် ဥရောပခေါင်းဆောင်များ၏ ဥရောပသမဂ္ဂ (EU) အစည်းအဝေး အကြို ဟော်လန်ဒီ သည် မာကယ် နှင့် ကြိုတင်ပြင်ဆင်ညှိနှိုင်းမှုများပြုလုပ်သွားမည်ဖြစ်သည်။
ပြင်သစ်နိုင်ငံ သမ္မတရုံး၏ ထုတ်ပြန်ချက်အရ နှစ်နိုင်ငံခေါင်းဆောင်များသည် အလုပ်သဘော နေ့လည်စာ စားပွဲမကျင်းပခင် ဒေသစံတော်ချိန် ညနေ ၀၀း၅၀ နာရီ ၌ ပူးတွဲသတင်းစာရှင်းလင်းပွဲကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)