Connect with us

Europe

ပါရီတိုက်ခိုက်မှုနှင့်ဆက်နွယ်သော အိုင်အက်စ်အကြမ်းဖက်သမား ၃ ဦကို ဖမ်းဆီးရမိကြောင်း ဂျာမနီဝန်ကြီးပြော

ဂျာမနီနိုင်ငံ၌ အကြမ်းဖက်သမားများအား ဖမ်းဆီးရမိပြီးနောက် လုံးခြုံရေးတင်းကျပ်စွာ ချထားစဉ်(ဆင်ဟွာ)

ဘာလင် ၊ စက်တင်ဘာလ ၁၄ ရက် (ဆင်ဟွာ)

ပြီးခဲ့သော နှစ်က ပြင်သစ်နိုင်ငံ ပါရီမြို့အကြမ်းဖက်တိုက်ခိုက်မှု နှင့် ပတ်သက်ဆက်နွယ်နေသည့် အိုင်အက်စ်အကြမ်းဖက်သားများအဖြစ် သံသယ ရှိသူ သုံးဦးကို စက်တင်ဘာလ ၁၃ ရက် နံနက်ပိုင်းတွင် ဂျာမနီနိုင်ငံရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိထားသူ သုံးဦးသည် ၂ဝ၁၅ ခုနှစ် နိုဝင်ဘာလက ပြင်သစ်နိုင်ငံ ပါရီမြို့အားတိုက်ခိုက်ခဲ့မှုတွင် ပတ်သက်ဆက်နွယ်နေသူများဖြစ်ကြောင်း ဂျာမနီနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီး Thomas de Maiziere က စက်တင်ဘာလ ၁၃ ရက်တွင် သတင်းသမားများနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
ထိုသူအားလုံးသည် လူကုန်ကူးမှု ကွန်ရက်မှ တဆင့် ဥရောပတိုက်ကို တူညီစွာ ရောက်ရှိလာကြသူများဖြစ်ကြောင်း နှင့် ၎င်းတို့၏ ခရီးသွားမှတ်တမ်း အတုအားလုံးကို နေရာဒေသတစ်ခုတည်းတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း Maiziere က ဆိုသည်။
အဆိုပါ သံသယရှိသူ သုံးဦးမှာ ဒုက္ခသည်စခန်း နှစ်ခုတွင် လပေါင်းအတန်ကြာနေထိုင်ခဲ့ခြင်းဖြစ် စုံစမ်းစစ်ဆေးခံနေရသူများဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
ဂျာမနီရဲတပ်ဖွဲ့ဝင်များသည် စက်တင်ဘာလ ၁၃ ရက် နံနက်ပိုင်းက Schleswing-Holstein နှင့် Lower Sax ony ပြည်ထောင်စု ပြည်နယ် နှစ်ခုအတွင်းရှိ ဒုက္ခသည် စခန်း ၆ ခုအား ရုတ်တရက်ဝင်ရောက် စီးနင်းခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.