Europe
ပြင်သစ် နိုင်ငံ တွင် ဗုံးခွဲ တိုက်ခိုက်မှု ဖြစ်ပွား လူအများ ဒဏ်ရာရရှိ
ပဲရစ် ၊ မေ ၂၅ ရက် (ဆင်ဟွာ)
ပြင်သစ် နိုင်ငံ အရှေ့တောင်ပိုင်း ရှိ Lyon မြို့ တွင် မေလ ၂၄ ရက် ညနေပိုင်း အချိန်တွင် ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွား ခဲ့ရာ အနည်းဆုံး လူ ၁၃ ဦး ဒဏ်ရာရရှိခဲ့ပြီး ရဲတပ်ဖွဲ့ က သံသယ ရှိသူ တစ်ဦး ရှာဖွေဖမ်းဆီး နေကြောင်း သိရှိရသည်။
ပြင်သစ် နိုင်ငံ သတင်းမီဒီယာ ၏ ဖော်ပြချက်အရ ဗုံးခွဲတိုက်ခိုက်မှု က Lyon မြို့ Bellecour ရင်ပြင် အနီးရှိ မုန့်တိုက် ဝင်ပေါက်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ဒဏ်ရာရရှိသူများ အနက် ကလေးငယ် တစ်ဦး ပါဝင်ကြောင်း သိရှိရသည်။
သတင်းဖော်ပြချက်အရ အသက် ၃၀ မှ ၃၅ နှစ် အရွယ် ရှိ အမျိုးသား တစ်ဦး က ဒေသစံတော်ချိန် ညနေ ၅ နာရီ ၃၀ မိနစ် ခန့်တွင် မုန့်တိုက် အဝင်ပေါက် ၌ သေတ္တာတစ်လုံး လာရောက် ထားရှိ ခဲ့ပြီးနောက် ပေါက်ကွဲမှု ဖြစ်ပွား ခဲ့ကြောင်း ၊ ပေါက်ကွဲမှုကြောင့် အနီးပတ်ဝန်းကျင်ရှိ အဆောက်အဦး ၏ ပြတင်းပေါက် မှန်များ ကြေမွသွား ခဲ့ကြောင်း ၊ လက်ရှိချိန်တွင် ရဲတပ်ဖွဲ့ က ရှာဖွေဖမ်းဆီးမှု ဆောင်ရွက်နေကြောင်း သိရှိရသည်။
ပြင်သစ် နိုင်ငံ သမ္မတ အီမန်နျူရယ် မက်ခရွန် (Emmanuel Macron) က ယခု ဖြစ်ပွား ခဲ့သည့် ဗုံးပေါက်ကွဲမှု က အကြမ်းဖက် တိုက်ခိုက်မှု တစ်ခု ဖြစ်ပြီး မိမိ အနေဖြင့် ဒဏ်ရာရရှိသူများ ၏ မိသားစု အား နှင့် အတူ ဝမ်းနည်းမိကြောင်း ပြောကြား ခဲ့သည်။(Xinhua)