Europe
ဗြိတိန် စစ်ဘက်ဆိုင်ရာ အကြီးစားစက်ပစ္စည်းစက်ရုံ ပေါက်ကွဲမှုဖြစ်ပွား၊ လူ ၁ ဦးသေဆုံး

လန်ဒန်၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ)
အင်္ဂလန်နိုင်ငံ တောင်ပိုင်း Salisbury ရှိ စစ်ဘက်ဆိုင်ရာ အကြီးစားစက်ပစ္စည်းစက်ရုံတစ်ခုတွင် သြဂုတ်လ ၁၀ ရက်နှောင်းပိုင်းက ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ လူ ၁ ဦးသေဆုံးပြီး အခြားသူတစ်ဦးမှာ ဒဏ်ရာပြင်းထန်စွာ ရရှိသွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
အဆိုပါ ပေါက်ကွဲမှုသည် Wiltshire မြို့ မြောက်ဘက်ရှိ စက်ရုံ၌ ဒေသစံတော်ချိန် ညနေ ၅ း ၀၀ နာရီမတိုင်မီက ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ယင်းစက်ရုံတွင် စစ်ဘက်ဆိုင်ရာ သင်္ဘောများနှင့် လေယာဉ်များအား မီးလောင်ခြင်းမှ ကာကွယ်ရန် အကြီးစားစက်ပစ္စည်းများ ထုတ်လုပ်ခြင်း ဖြစ်သည်။
ပေါက်ကွဲမှုဖြစ်ပွားရသည့် အကြောင်းရင်းအား ချက်ချင်မသိရှိရသေးသလို ပေါက်ကွဲမှုကြောင့် သေဆုံးသူ၏ အမည်အား ထုတ်ဖော်ထားခြင်းလည်း မရှိသေးပေ။
ထို ဖြစ်ရပ်အား လုပ်ငန်းခွင် ဘေးကင်းရေးအတွက် တာဝန်ရှိ အဖွဲ့အစည်းဖြစ်သော ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေး စီမံခန့်ခွဲမှုအဖွဲ့နှင့်အတူ ပူးတွဲစုံစမ်းစစ်ဆေးမှု လုပ်ဆောင်မည် ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ (Xinhua)