Europe
ဘရပ်ဆဲလ်မြို့တွင် မီးလောင်ကျွမ်းမှုဖြစ်ပြီးနောက် နေအိမ်များ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရ

ဘရပ်ဆဲ၊ ဇွန် ၂၆ ရက် (ဆင်ဟွာ)
ဘရပ်ဆဲလ်မြို့ မြောက်ဘက်တွင် ဇွန်လ ၂၅ ရက်ညနေပိုင်းတွင် ကုန်လှောင်ရုံ တစ်ရုံ မီးလောင်မှုဖြစ်ပွားခဲ့သည်။
ဒေသဆိုင်ရာ ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ နေအိမ် ၁၀ လုံး ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်း လက်ရှိတွင် အခြေအနေကို ထိန်းနိုင်ပြီဖြစ်ကြောင်း သိရသည်။
ဒေသစံတော်ချိန် ည ရး၂၀ နာရီက Schaerbeek မြို့နယ် Aerschot လမ်းနှင့် Brabant လမ်း ထောင့်ရှိ ကုန်လှောင်ရုံ၏ ခေါင်မိုး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ယင်း အဆောက်အအုံမှာ ပြန်လည်ပြုပြင်နေခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
မီးလောင်ကျွမ်းမှုကြောင့် ဒဏ်ရာရသူမရှိကြောင်း ဘရပ်ဆဲလ် မီးသတ်ဌာနက အစောပိုင်းတွင် ပြောကြားခဲ့သည်။
မီးလောင်မှုဖြစ်ပွားရခြင်း အကြောင်းရင်းအား ဘရပ်ဆဲလ် အစိုးရရှေ့နေ့ရုံးက လက်ရှိတွင် စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။ (Xinhua)