Connect with us

Europe

ဘရပ်ဆဲလ် အကြမ်းဖက်မှုတွင် သေဆုံးသူ ၃၄ ဦး နှင့် ဒဏ်ရာရသူ ၁၇၀ ဦးထိ ရှိလာ

အကြမ်းဖက် တိုက်ခိုက်ခံရပြီးနောက် ဘရပ်ဆဲလ်မြို ့ရှိ Maelbeek မြေအောက်ရထား ဘူတာရုံ အသွားလမ်းကို လုံခြုံရေးအရ ပိတ်ထားပုံ ( ဆင်ဟွာ)

ဘရပ်ဆဲလ်၊ မတ် ၂၃ ရက် (ဆင်ဟွာ )

မတ်လ ၂၂ ရက်နေ့၊ နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် ဘယ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ် မြို့အကြမ်းဖက် တိုက်ခိုက်ခံရမှုများတွင် သေဆုံးသူ ၃၄ ဦး နှင့် ဒဏ်ရာရသူ ၁၇၀ ဦးထိ ရောက်ရှိသွားပြီ ဖြစ်ကြောင်း သိရသည်။

ဥရောပသမဂ္ဂ ( EU ) ရုံးစိုက်ရာ ဘရပ်ဆဲလ်မြို့သည် ဥရောပတိုက်တွင် တည်ငြိမ်အေးချမ်းမှု အရှိဆုံးနိုင်ငံ စာရင်းဝင် တစ်ခုဖြစ်ပြီး ယခုကဲ့သို့တစ်ရက်ထဲတွင် သုံးကြိမ် တိတိ IS အဖွဲ့၏ တိုက်ခိုက်ခံရမှု အတွက် တစ်ကမ္ဘာလုံးက အံ့သြ တုန်လှုပ် ခဲ့ကြသည်။

ဘရပ်ဆဲလ် လေဆိပ် တိုက်ခိုက်ခံရမှုတွင် လေဆိပ် ( ထွက်ခွာ ) ခန်းမ၌ ပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ပွားခဲ့ရာ သေဆုံးသူ ၁၄ ဦး ရှိခဲ့သည်။ ထို့ပြင် အခြား မပေါက်ကွဲရသေးသော ဗုံးတစ်လုံးကို လည်း လေဆိပ် Terminal အတွင်း တာဝန်ရှိသူများက နောက်ပိုင်းတွင် ရှာဖွေ တွေ့ရှိခဲ့ကြောင်း သိရသည်။

လေဆိပ် ပေါက်ကွဲမှု ဖြစ်ပွားပြီး တစ်နာရီခန့်အကြာတွင် EU ရုံးချုပ်မှ မီတာ ၁၀၀ အကွာခန့်တွင်ရှိသော Maelbeek မြေအောက် ဘူတာရုံ၌ ပေါက်ကွဲမှုတစ်ခု ဆက်လက် ဖြစ်ပွားခဲ့သည်။ အဆိုပါ မြေအောက်ဘူတာရုံ ပေါက်ကွဲမှုတွင် သေဆုံးသူ ၂၀ ဦး နှင့် ဒဏ်ရာရသူ ၁၀၆ ဦး ရှိခဲ့သည်။ ဒဏ်ရာ ရသူများထဲမှ ၁၇ ဦးသည် ပြင်းထန်ပြီး အရေးပေါ်အခြေအနေဖြင့် ဆေးကုသမှု ခံနေရကြောင်း သတင်းများက ဆိုသည်။
ဘယ်ဂျီယံ ပြည်ထဲရေးဝန်ကြီး Jan Jambon က မတ် ၂၂ ၊ ၂၃ ၊ ၂၄ ရက်များကို နိုင်ငံ၏ ဝမ်းနည်း ကြေကွဲဖွယ် နေ့ရက်များ အဖြစ် ကြေညာခဲ့ပြီး ၊ ဝန်ကြီးချုပ် Charles Michel က နိုင်ငံအတွက် အဆိုးဝါးဆုံး ကြေကွဲဖွယ် နေ့ရက် “ black day ” ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.