Connect with us

Europe

ဘာဆီလိုနာတေးဂီတပွဲတော် တွင် မီးလောင်မှုကြောင့် လူ ၂၂,၀၀၀ ကျော်အား ကယ်ထုတ်ခဲ့ရ

မီးလောင်မှုဖြစ်ပွားနေသည့် စတိတ်စင်အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

မက်ဒရစ်၊ ဇူလိုင် ၃၀ ရက် (ဆင်ဟွာ)

စပိန်နိုင်ငံ ဘာဆီလိုနာ မြို့တွင် ဇူလိုင် ၂၉ ရက် ညက မီးအကြီးအကျယ်လောင်ကျွမ်းခဲ့မှုကြောင့် လူပေါင်း ၂၂,၀၀၀ကျော်ကို ကယ်ဆယ်ရွှေ့ပြောင်းပေးခဲ့ကြောင်း ဒေသတွင်း အရေးပေါ်ဋ္ဌာနများက ပြောကြားခဲ့သည်။

လူမှုကွန်ရက်များတွင် မြင်တွေ့ရသော ဓါတ်ပုံများအရ မီးတောက်များ လွှမ်းမိုးနေသည့် စတိတ်စင် တစ်ခုမှ ပွဲတော်လာသူများ ထွက်ပြေးလာကြကြောင်း Sky News ကဖော်ပြခဲ့သည်။Catalunya ဒေသ လူထုအခြေပြုကာကွယ်စောင့်ရှောက်ရေးဋ္ဌာန ညွှန်ကြားရေးမှူးချုပ် က ယင်းဖြစ်ရပ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူ မရှိသေးကြောင်း ၎င်း၏ တွစ်တာစာမျက်နှာတွင်ရေးသားခဲ့သည်ဟု Sky News ကဖော်ပြခဲ့သည်။မီးလောင်မှုနှင့် ပတ်သက်၍ စတိတ်စင်ပေါ်ရှိ မီးရှူးမီးပန်း ပညာရှင်များကို ပြစ်တင်ထားကြောင်း စပိန်မီဒီယာ ၏ဖော်ပြချက်ကို ကိုးကား၍ ဗြိတိန်သတင်းစာ Daily Mirror ကဖော်ပြခဲ့သည်။

လူမှုကွန်ရက်များတွင် မျှဝေခဲ့သော ဗွီဒီယိုဖိုင်အရ စတိတ်စင် ရှိ အသံပိုင်းဆိုင်ရာစနစ် ကိုမီးတောက်များက ဝါးမြိုသွားပြီး စက္ကန့်ပိုင်းအကြာတွင် မီးတောက်ကြီးများ ထွက်ပေါ်လာသဖြင့် ဂီတပွဲတော်လာ ပရိသတ်များ ဘေးကင်းရာသို့ ထွက်ပြေးခဲ့ကြကြောင်း တွေ့ရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.