Europe
ဘာလင်ပြတိုက်မှ ကန်ဒေါ်လာ သန်းပေါင်းများစွာတန်ဖိုးရှိသည့် ရွှေဒင်္ဂါးတစ်ပြား အခိုးခံရ
ဘာလင်၊ မတ် ၂၈ ရက် (ဆင်ဟွာ)
ဂျာမနီနိုင်ငံ ဘာလင်မြို့ရှိ ပြတိုက်တစ်ခု တွင် မတ်လ ၂၇ ရက် အစောပိုင်း က အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ တန်ဖိုးရှိသည့် ရွှေဒင်္ဂါးပြားကြီးတစ်ပြား အခိုးခံရကြောင်း ဘာလင်မြို့ရဲတပ်ဖွဲ့က အတည်ပြုပြောကြားခဲ့သည်။
“မေဘယ်ရွက်ကြီး” ဟု လူသိများသည့် ယင်းရွှေဒင်္ဂါးပြားအား ၂၀၀၇ခုနှစ်တွင် ကနေဒါတော်ဝင် ဒင်္ဂါးထုတ်လုပ်ရေး စက်ရုံက ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး ဒင်္ဂါးပြား၏ မျက်နှာပြင်တစ်ဖက်တွင် မေဘယ်ရွက်အား ပုံဖော်ထားပြီး အခြားတစ်ဖက်တွင် အယ်လီဇဘက် ၂ ဘုရင်မ၏ ပုံအား ဖော်ပြထားကြောင်း သိရသည်။
Bode ပြတိုက်၏ ပြောကြားချက်အရ အဆိုပါ ရွှေဒင်္ဂါးတွင် သန့်စင်သော ရွှေပါဝင်မှုနှုန်းသည် ၁၀၀၀ပုံလျှင် ၉၉၉ပုံဖြစ်ပြီး ဂင်းနစ်မှတ်တမ်းဝင် ရွှေဒင်္ဂါးပြားတစ်ပြားဖြစ်ကြောင်း သိရသည်။
ရဲတပ်ဖွဲ့က အချင်း ၅၃စင်တီမီတာ နှင့် အလေးချိန် ၁၀၀ကီလိုမီဂရမ် အလေးချိန်ရှိသည့် အဆိုပါဒင်္ဂါးအား သူခိုးအုပ်စု တစ်စု က ပြတိုက်အတွင်းမှ ခိုးယူသွားခြင်းဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။
ဘာလင်မြို့လယ်ရှိ Bode ပြတိုက်သည် ကမ္ဘာပေါ်တွင် ဒင်္ဂါးပြားအများဆုံးစုဆောင်းထားသည့် ပြတိုက်များအနက် တစ်ခုအပါအဝင်ဖြစ်ပြီး ၎င်း၏ ဒင်္ဂါးပြခန်း၌ ရှားပါးဒင်္ဂါး ၅၀၀,၀၀၀ ခန့်စုဆောင်းထားကြောင်း သိရသည်။ (Xinhua)