Connect with us

Europe

အီးယူခေါင်းဆောင်ထံ ပုဒ်မ ၅ဝ အသိပေးချက်ကို ဗြိတိန်ဝန်ကြီးချုပ် လက်မှတ်ရေးထိုးပေးပို့

ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ထရီဇာမေ အားတွေ့ ရစဉ် (ဆင်ဟွာ)

လန်ဒန် ၊ မတ် ၂၉ ရက် (ဆင်ဟွာ)

ဥရောပသမဂ္ဂ(EU) မှ နုတ်ထွက်မည့် အင်္ဂလန်နိုင်ငံ၏ တရားဝင် အစပြုမှုတစ်ခုအဖြစ် ပုဒ်မ ၅ဝ အသိပေးချက် ( Aritcle 50 notification ) ကို ဗြိတိသျှဝန်ကြီးချုပ် ထရီဇာမေ က မတ်လ ၂၈ ရက်တွင်လက်မှတ် ရေးထိုးခဲ့ကြောင်း ဒေသတွင်းမီဒီယာက ရေးသားဖော်ပြသည်။

ပြီးခဲ့သော နှစ် ဇွန်လတွင် ပြုလုပ်ခဲ့သော လူထုဆန္ဒခံယူပွဲအပြီး ၉ လအကြာ၌ ဥရောပကောင်စီ ဥက္ကဋ္ဌ Donald Tusk ထံ လိပ်မူ၍ ဥရောပသမဂ္ဂမှ ဗြိတိန်နုတ်ထွက်ခြင်းဆိုင်ရာ ပုဒ်မ ၅ဝ အသိပေးချက်ကို ထရီဇာမေက တရားဝင် ပေးပို့ခဲ့ခြင်းဖြစ်သည်။

တစ်ချိန်တည်းမှာပင် ဝန်ကြီးချုပ်၏ ထုတ်ပြန်ချက်ထဲတွင် ဗြိတိန်နိုင်ငံအတွင်း နေထိုင်ကြသော အီးယူအဖွဲ့ဝင်နိုင်ငံများမှ ပြည်သူများ အပါအဝင် အင်္ဂလန်နိုင်ငံသားများအားလုံး၏ အခွင့်အရေးကို ကာကွယ်သွားမည်ဟု ကတိပြုခဲ့ကြောင်း Sky TV သတင်းဖော်ပြချက်အရ သိရသည်။

“ တောက်ပတဲ့ အနာဂတ်တွေ ၊ ဂုဏ်ယူစရာကောင်းတဲ့ သမိုင်းကြောင်းတွေ နဲ့ကျွနု်ပ်တို့ဟာ စည်းလုံညီညွတ်တဲ့ ပြည်သူတွေ နဲ့ကြီးကျယ်တဲ့ နိုင်ငံကြီး တစ်နိုင်ငံဖြစ်ပါတယ်” ဟု ထရီဇာမေက ပြောကြားခဲ့ပြီး ယခုအခါ အီးယူမှ ထွက်ခွာခြင်းကို ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း နှင့် အတူတကွ လုပ်ဆောင်ရမည့် အချိန်ကျရောက်နေပြီဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

ဗြိတိန် နှင့် အီးယူ ခေါင်းဆောင်များသည် အချိန် ၂ နှစ်ကြာဆွေးနွေးခဲ့ပြီးနောက် လစ္စဘွန်း သဘောတူညီမှု ပုဒ်မ ၅ဝ ဖြင့် အီးယူမှ ဗြိတိန်နုတ်ထွက်ရေးကို သဘောတူညီမှုရရှိခဲ့ကြသည်။ အဆိုပါ နုတ်ထွက်မည့် ရက်သတ်မှတ်ချက်ကို အချိန်အနည်းငယ် ဆွဲဆန့်ထားရန် နှစ်ဖက်သဘောတူခဲ့ကြပြီး အပြီးသတ်နုတ်ထွက်ခြင်းကို ၂ဝ၁၉ ခုနှစ် မတ်လ တွင်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပုဒ်မ ၅ဝ သည် အီးယူအဖွဲ့မှ နုတ်ထွက်ခွင့်အတွက် သက်ဆိုင်ရာ အဖွ့ဲဝင်နိုင်ငံများအနေဖြင့် ဥရောပကောင်စီထံ အသိပေးခြင်း ဆိုင်ရာ လုပ်ထုံးလုပ်နည်း ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.