Connect with us

Europe

ယူကရိန်းတွင် အဆိပ်သင့်မှုကြောင့် ကလေးငယ် ၃၆ဦး ဆေးရုံတင်ရ

ယူကရိန်းနိုင်ငံရှိ အရေးပေါ်လူနာတင်ကားတစ်စီးအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ကိဗ်၊ မေ ၂၂ ရက် (ဆင်ဟွာ)

ယူကရိန်းနိုင်ငံ တောင်ပိုင်း Mykolayiv မြို့ ရှိ စာသင်ကျောင်းတစ်ခုတွင် ဖျန်းထားသော အမျိုးအမည်မသိ ဓါတ်ပစ္စည်းတစ်မျိုး နှင့် ထိတွေ့ပြီးနောက် အဆိပ်သင့်သည့် လက္ခဏာများ ပေါ်ပေါက်လာ၍ အနည်းဆုံး ကလေးငယ် ၃၆ ဦး ကို မေ၂၁ ရက်တွင် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ဒေသခံအာဏာပိုင်များကပြောကြားခဲ့သည်။

Mykolayiv မြို့စီမံခန့်ခွဲရေးဌာန ဒုတိယ အကြီးအကဲ Eugene Shevchenko က ကလေးငယ် ၂ဦးကို ဒေသတွင်းဆေးရုံများရှိ အရေးပေါ်ဌာနသို့ ပို့ဆောင်ပေးခဲ့ကြောင်း Facebook စာမျက်နှာ၌ ရေးသားခဲ့သည်။

အဆိပ်သင့်ခံရသည့် ကလေးငယ်များတွင် ချောင်းဆိုးခြင်း၊ မျက်ရည်များထွက်ခြင်း နှင့် ပျို့အန်ခြင်းစသည့် လက္ခဏာများ ပေါ်ပေါက်ခဲ့ကြောင်း သိရသည်။

နိုင်ငံတော် အရေးပေါ်ဌာန က အဆိုပါဖြစ်ရပ်ဖြစ်ပွားပြီးနောက် လူ ၃၈၀ဦးခန့်ကို စာသင်ကျောင်းမှ ကယ်ထုတ်ပေးခဲ့ရကြောင်း ပြောကြားခဲ့သည်။

ယင်းဖြစ်စဉ် သည် ယူကရိန်းနိုင်ငံတွင် အနည်းဆုံး နှစ်ပတ်အတွင်း ဒုတိယအကြိမ်မြောက်ဖြစ်ပွားခဲ့သော အရေးပေါ်ကိစ္စတစ်ခုဖြစ်ကြောင်း သိရသည်။

မေလ ၈ ရက်နေ့တွင်လည်း ယူကရိန်းနိုင်ငံ အလယ်ပိုင်း Cherkassy မြို့ တွင် အဆိပ်သင့်မှုကြောင့် ကလေးငယ် ၅၄ဦး နှင့် ဆရာ ၄ဦးကို ဆေးရုံသို့ပို့ဆောင်ပေးခဲ့ပြီး မည်သည့် အရာကြောင့် အဆိပ်သင့်မှုဖြစ်ပွားရခြင်းဖြစ်ကြောင်းကို ရှင်းလင်းစွာ သိရှိခြင်းမရှိသေးကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.