Connect with us

Europe

ယူကရိန်းနိုင်ငံ၌ အအေးဒဏ်လွန်ကဲမှုကြောင့် အနည်းဆုံး လူ ၁ဝ ဦးသေဆုံး

ယူကရိန်းနိုင်ငံ ကိဗ်မြို့ ၌ ဆီးနှင်းများထူထပ်စွာကျဆင်းသည့် ဇန်နဝါရီ ၁၇ ရက်တွင် ကုသိုလ်ဖြစ်အဖွဲ့ အစည်းတစ်ခုမှ အိမ်ယာမဲ့များအား ဆွပ်ပြုတ်အလှူ ပြုလုပ်နေစဉ်(ဆင်ဟွာ/AFP)

ကိဗ် ၊ ဇန်နဝါရီ ၁၈ ရက်(ဆင်ဟွာ)

ယူကရိန်းနိုင်ငံ၌ ပြီးခဲ့သော ၃ ရက်အတွင်း နိုင်ငံအနှံ့ဆီးနှင်းများထူထပ်စွာကျဆင်းပြီး အအေးဒဏ်လွန်ကဲမှုကြောင့် အနည်းဆုံး လူ ၁ဝ ဦးသေဆုံးသွားကြောင်း ဒေသဆိုင်ရာအာဏာပိုင်များ၏ ပြောကြားချက်ကို ကိုးကား၍ ပြည်တွင်းသတင်းမီဒီယာတစ်ခုက ဇန်နဝါရီ ၁၇ ရက်တွင် ရေးသားဖော်ပြခဲ့သည်။

သတင်းဖော်ပြချက်များအရ လူ ၄ ဦးမှာ နိုင်ငံအနောက်ပိုင်း Lviv ဒေသမှဖြစ်ကြောင်း ၊ အခြား ရာသီဥတုဒဏ်ခံစားရသူ ၂ ဦးမှာ ကိဗ်မြို့(Kiev) မှဖြစ်ကြောင်း ၊ ကျန်လူများမှာ ယူကရိန်းနိုင်ငံ နေရာအနှံ့အပြားမှ ပြည်သူများဖြစ်ကြောင်း သိရသည်။

သေဆုံးသူအများစုမှာ ရုတ်တရက်အပူချိန်ကျဆင်းမှုဖြစ်ပွားချိန်တွင် နားခိုစရာ နေရာမရှိကြသော အိမ်ယာမဲ့များ ဖြစ်ကြောင်း သိရသည်။

ယူကရိန်းနိုင်ငံ ဒေသအများစုတွင် လွန်ခဲ့သော ရက်သတ္တပတ်က ရေခဲအမှတ် ရှိခဲ့ရာမှ ဇန်နဝါရီ ၁၆ ရက်တွင် အပူချိန် ၁၅ ဒီဂရီဆဲလ်စီးယက်စ် အောက်အထိ ကျဆင်းသွားကြောင်း သိရသည်။

မိုးဇလပညာရှင်များ၏ ပြောကြားချက်အရ ယူကရိန်နိုင်ငံ၌ လာမည့်ရက်ပိုင်းတွင် နေရောင်ထွက်လာနိုင်ကြောင်း ၊ သို့သော် နိုင်ငံသည် နှင်းမုန်တိုင်းဒဏ်ကို နေရာအနှံ့အပြားတွင် ခံစားနေရကြောင်း ပြောကြားခဲ့သည်။

၂ဝ၁၂ ခုနှစ် ဇန်နဝါရီ နှင့်ဖေဖော်ဝါရီ လများတွင် ယူကရိန်းနိုင်ငံ၌ အအေးဒဏ်သင့်ခဲ့ရာ လူပေါင်း ၁ဝဝ ကျော်သေဆုံးခဲ့ရပြီး အများစုမှာ လမ်းမများပေါ်တွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.