Connect with us

Europe

ရုရှား နိုင်ငံ က အီရန် နိုင်ငံ နှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု အား ဆက်လက် ထိန်းသိမ်း သွားမည် ဖြစ်ကြောင်း ထုတ်ပြန်

မော်စကို ၊ သြဂုတ် ၈ ရက် (ဆင်ဟွာ)

ရုရှား နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန က ရုရှား နိုင်ငံ အနေဖြင့် အီရန် နိုင်ငံ နှင့် နိုင်ငံတော် အဆင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု ကို ဆက်လက်ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း သြဂုတ်လ ၇ ရက် ၌ ထုတ်ပြန်ကြေညာ ခဲ့သည်။

ထုတ်ပြန်ချက်တွင် ရုရှား နိုင်ငံ အနေဖြင့် အီရန် နျူကလီးယား အရေး ဘက်စုံ သဘောတူညီမှု စာချုပ်ကို အစွမ်းကုန် ထိန်းသိမ်း သွားမည် ဖြစ်ပြီး ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု ကို လည်း ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း ၊ ထို့ပြင် ရုရှား နိုင်ငံ အနေဖြင့် အီရန် နျူကလီးယား အရေး သက်ဆိုင်ရာ နိုင်ငံ အသီးသီး နှင့် အတူတကွ အီရန် နှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု ပိုမို ခိုင်မာ စေရန် ဆောင်ရွက်မှု နည်းလမ်း ကို ရှာဖွေသွားမည် ဖြစ်ကြောင်း ၊ ရုရှား နိုင်ငံ အနေဖြင့် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ကို ကျော်လွှား၍ ဆောင်ရွက်သည့် မည်သည့် တစ်ဖက်သတ် အရေးယူ ပိတ်ဆို့မှု မဆို ကန့်ကွက်ကြောင်း ၊ အီရန် နျူကလီးယား အရေး ဘက်စုံ သဘောတူညီမှု စာချုပ် စတင် အသက်ဝင် ချိန် မှ စ၍ သက်ဆိုင်ရာ အဖွဲ့အစည်း များက စစ်ဆေးမှုများ ဆောင်ရွက် ခဲ့ရာ အီရန် နိုင်ငံ မှ သဘောတူညီချက် အား လိုက်နာကြောင်း တွေ့ရှိရသဖြင့် သဘောတူညီမှု စာချုပ် မှာ ဆက်လက်၍ အကျုံးဝင်နေသည် ကို သက်သေပြနိုင်ခဲ့ကြောင်း ထည့်သွင်း ရေးသားခဲ့သည်။

အမေရိကန် နိုင်ငံ အိမ်ဖြူတော် က လတ်တလောရက်ပိုင်း အတွင်း အမေရိကန် နိုင်ငံ အနေဖြင့် သြဂုတ်လ ၇ ရက် မှ စတင်၍ အီရန် နိုင်ငံ အပေါ် ငွေကြေး ၊ သတ္တု ၊ မော်တော်ယာဉ် စသည့် စွမ်းအင် မဟုတ်သော ကုန်စည်များ အပေါ် အရေးယူ ပိတ်ဆို့မှုများ စတင် ဆောင်ရွက်မည် ဖြစ်ကြောင်း ထုတ်ပြန် ကြေညာ ခဲ့သည်။

အီရန် နျူကလီးယား အရေး ဘက်စုံ သဘောတူညီမှု စာချုပ် အား ၂၀၁၅ ခုနှစ် ဇူလိုင်လ တွင် အီရန် နိုင်ငံ နှင့် အီရန် နျူကလီးယား အရေး နိုင်ငံ ၆ နိုင်ငံ ဖြစ်ကြသည့် အမေရိကန် ၊ ဗြိတိန် ၊ ပြင်သစ် ၊ ရုရှား ၊ တရုတ် နှင့် ဂျာမနီ နိုင်ငံ တို့ မှ အတူတကွ ရေးထိုး ခဲ့ကြခြင်း ဖြစ်သည်။ သဘောတူညီချက် အရ အီရန် နိုင်ငံ အနေဖြင့် ၎င်း ၏ နျူကလီးယား အစီအစဉ် များကို ထိန်းချုပ်ပေးသွားရမည် ဖြစ်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့်လည်း အီရန် နိုင်ငံ အပေါ် ပိတ်ဆို့အရေးယူမှုများကို ဖယ်ရှားပေးကြရမည် ဖြစ်သည်။ သို့သော် ယခုနှစ် မေလ ၈ ရက် တွင် အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် က အီရန် နျူကလီးယား အရေး ဘက်စုံ သဘောတူညီမှု စာချုပ် မှ နုတ်ထွက်ကြောင်း ကြေညာ ခဲ့ပြီး အီရန် နိုင်ငံ အပေါ် ပိတ်ဆို့အရေးယူမှု များကို ပြန်လည် ဆောင်ရွက် ခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.