Connect with us

Europe

အီတလီတွင် ယာဉ်မတော်တဆဖြစ်မှုကြောင့် ရွှေ့ပြောင်းလုပ်သား ၁၂ ဦး သေဆုံး


ရောမ ၊ သြဂုတ် ၇ ရက်(ဆင်ဟွာ)

အီတလီနိုင်ငံ ရောမမြို့ အရှေ့တောင်ဘက် ၂၆၀ ကီလိုမီတာအကွာရှိ Foggia ဒေသတွင် သြဂုတ် ၆ ရက်က ယာဉ် မတော်တဆဖြစ်မှုကြောင့် လူ ၁၂ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မီးသတ်နှင့် ကယ်ဆယ်ရေးဌာနက ယင်းနေ့တွင် ပြောကြားခဲ့သည်။

ယာဉ်မတော်တဆဖြစ်ပွားသည့် အခင်းဖြစ်နေရာအား တွေ့ရစဉ်(ဆင်ဟွာ)

ယာဉ်မတော်တဆဖြစ်ပွားသည့် အခင်းဖြစ်နေရာအား တွေ့ရစဉ်(ဆင်ဟွာ)

ယာဉ်တစ်စီးသည် Foggia ဒေသ တောလမ်းတွင် မောင်းနှင်နေစဉ် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ လူ ၁၂ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ၊ သေဆုံးသူများမှာ ရွှေ့ပြောင်းလုပ်သားများ ဖြစ် ကြောင်း အီတလီနိုင်ငံပိုင် ရုပ်မြင်သံကြားဌာနက ပြောကြားခဲ့သည်။အလုပ်သမားများကိုခေါင်းပုံဖြတ်နေသည့် အဖွဲ့အစည်းအချို့က လမ်းများတွင် ရွှေ့ပြောင်းလုပ်သားများ ကို လိုက်လံရှာဖွေပြီး လုပ်အားခနည်းနည်းဖြင့် သီးနှံရိတ်သိမ်းသည့်အလုပ်ကို ခိုင်းစေရန် လယ်ယာမြေများသို့ ကားနှင့်တင်ဆောင်သွားလေ့ရှိကြောင်း သိရသည်။အီတလီ အလုပ်သမားရေးရာကော်မတီက သြဂုတ် ၆ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့ရာ လျစ်လျူ ရှု အမြတ်ထုတ် ခေါင်းပုံဖြတ်ခံနေရသည့် အလုပ်သမားများအတွက် တရားမျှတမှုပြန်လည် ရရှိရန် လုပ်ဆောင်ဖို့ နှိုးဆော်ထားပြီး သြဂုတ် ၈ ရက်တွင် Foggia ဒေသ ၌ ဆန္ဒပြမှုများလုပ်ဆောင်ရန် ဆော်သြထားကြောင်း သိရသည်။ (Xinhua)