Connect with us

Europe

ရုရှား နိုင်ငံ တွင် ဖြစ်ပွား ခဲ့သည့် လူအများ သေဆုံး ခဲ့သော ကုန်တိုက် မီးလောင်မှုကြောင့် ပြည်နယ် အုပ်ချုပ်ရေးမှူး ရာထူး မှ နှုတ်ထွက်

ရုရှား နိုင်ငံ Kemerovo ပြည်နယ် ပြည်နယ် အုပ်ချုပ်ရေးမှူး Aman Tuleev အား မြင်တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ဗလာဒီဗော့စတော့ ၊ ဧပြီ ၁ ရက် (ဆင်ဟွာ)

ရုရှား နိုင်ငံ Kemerovo ပြည်နယ် မြို့တော် တွင် ဖြစ်ပွား ခဲ့သည့် ကုန်တိုက် မီးလောင်မှုကြောင့် လူအများ သေဆုံးဒဏ်ရာ ရရှိခဲ့ပြီး ဧပြီလ ၁ ရက်နေ့၌ ယင်းပြည်နယ် ၏ ပြည်နယ် အုပ်ချုပ်ရေးမှူး ဖြစ်သူ Aman Tuleev က ရာထူး မှ နှုတ်ထွက်ကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်။

Kemerovo ပြည်နယ် ပြန်ကြားရေး ဌာန က ဧပြီလ ၁ ရက် နေ့၌ ပြည်နယ် အုပ်ချုပ်ရေးမှူး Aman Tuleev ရာထူး မှ နှုတ်ထွက်ကြောင်း ကြေညာ သည့် ဗီဒီယို ကို ထုတ်လွှင့် ခဲ့ပြီး ဗီဒီယို တွင် Aman Tuleev က မီးလောင်မှု သည် ပြည်နယ်အတွင်းရှိ ပြည်သူများကို လွန်စွာဝမ်းနည်းစေခဲ့သည့် အဖြစ်ဆိုးတစ်ခု ဖြစ်ပြီး ရုရှား နိုင်ငံ တစ်နိုင်ငံလုံး နှင့် ကမ္ဘာ ကိုပါ တုန်လှုပ်စေခဲ့ကြောင်း ၊ မိမိ အနေဖြင့် သေဆုံးခဲ့သူ ၏ မိသားစု ဝင်များအား လွန်စွာဝမ်းနည်းကြောင်း ကို ထပ်မံ ပြောကြား လိုကြောင်း ပြောကြား ခဲ့သည်။

ပြည်နယ် အုပ်ချုပ်ရေးမှူး ရာထူး မှ မနှုတ်ထွက်မီ Kemerovo ပြည်နယ် ၏ ဒုတိယ ပြည်နယ် အုပ်ချုပ်ရေးမှူး ၊ ပြည်နယ် အစိုးရ အဖွဲ့ရုံး ညွှန်ကြားရေးမှူး အား ရာထူး မှ ထုတ်ပယ်လိုက်ကြောင်း ထုတ်ပြန်ချက် ထွက်ပေါ်ခဲ့သည်။

Kemerovo မြို့ “ဆောင်းရာသီချယ်ရီ” အမည်ရှိ ဈေးဝယ်စင်တာ တစ်ခု သည် မတ်လ ၂၅ ရက်နေ့၌ မီးလောင်မှု ဖြစ်ပွား ခဲ့ရာ လူပေါင်း ၆၄ ဦး သေဆုံး ခဲ့သည့် အနက် ၄၁ ဦး မှာ ကလေးငယ် များ ဖြစ်ကာ လူပေါင်း ၅၀ ကျော် ဒဏ်ရာရရှိခဲ့သည်။ မတ်လ ၂၇ ရက်နေ့၌ ပြုလုပ် ခဲ့သည့် သေဆုံးသူများ အတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ် အခမ်းအနား တွင် ပြည်သူအများ က ပြည်နယ် အုပ်ချုပ်ရေးမှူး အား ရာထူး မှ နှုတ်ထွက်ပေးရန် တောင်းဆိုမှု များ ပြုလုပ် ခဲ့ကြသည်။

ရုရှား နိုင်ငံ သမ္မတ ပူတင် က မီးလောင်မှု ဖြစ်ပွား ပြီးနောက်တွင် အခင်းဖြစ်ပွားရာ နေရာ သို့ သွားရောက် ခဲ့ပြီး မီးငြိမ်းသတ်ရေး နှင့် ကယ်ဆယ်ရေး လုပ်ငန်းများကို ညွှန်ကြားဆောင်ရွက်ပေး ခဲ့သည်။ ပူတင် က ပေါ့ဆမှု နှင့် တာဝန်မကျေမှု သည် ယခု မီးလောင်မှု ဖြစ်ပွား ခဲ့ရသည့် အဓိက အကြောင်းရင်း ဖြစ်ကြောင်း ပြောကြား ခဲ့သည်။ လက်ရှိအချိန်တွင် ရုရှား နိုင်ငံ စုံစမ်းစစ်ဆေးရေး ကော်မတီ က အခင်းဖြစ်ပွားရခြင်း နှင့် ပတ်သက်၍ အသေးစိတ် စစ်ဆေးမှုများကို ဆောင်ရွက်နေပြီး ပြစ်မှုထင်ရှားသူ အများ ဖမ်းဆီး ခံခဲ့ရပြီး ဖြစ်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.