Connect with us

Europe

ရုရှား နိုင်ငံ သမ္မတ ပူတင် က ရုရှား နိုင်ငံ ဆိုင်ရာ အမေရိကန် နိုင်ငံ သံတမန်ရေးရာ အဖွဲ့အစည်း မှ လုပ်ငန်းဆောင်ရွက်သူပေါင်း ၇၅၅ ဦး လျှော့ချသင့်ကြောင်း ပြောကြား

ရုရှား နိုင်ငံ သမ္မတ ပူတင် အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

မော်စကို ၊ ဇူလိုင် ၃၁ ရက် (ဆင်ဟွာ)

ရုရှား နိုင်ငံ သမ္မတ ပူတင် က ဇူလိုင်လ ၃၀ ရက်နေ့၌ ရုရှား နိုင်ငံ ရုပ်သံလိုင်း ၏ တွေ့ဆုံမေးမြန်းမှု ကို ပြန်လည် ဖြေကြားရာတွင် ရုရှား နိုင်ငံ ဆိုင်ရာ အမေရိကန် နိုင်ငံ သံတမန်ရေးရာ အဖွဲ့အစည်း မှ လုပ်ငန်းဆောင်ရွက်သူပေါင်း ၇၅၅ ဦး လျှော့ချသင့်ကြောင်း ၊ ထိုမှသာလျင် ရုရှား-အမေရိကန် နှစ်နိုင်ငံ တို့၏ သံတမန်ရေးရာ အဖွဲ့အစည်း ၏ လူဦးရေ သည် တူညီမှု ရှိမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ပူတင်း က တွေ့ဆုံမေးမြန်းမှု ကို ဖြေကြားရာတွင် အမေရိကန် နိုင်ငံ ၏ သံတမန်ရေးရာ အဖွဲ့အစည်း မှ လုပ်ငန်း ဆောင်ရွက်သူပေါင်း ၇၅၅ ဦး လျှော့ချခြင်းဖြင့် နှစ်နိုင်ငံ မှ အခြားနိုင်ငံ တွင် ထားရှိသည့် သံတမန် ရေးရာ လုပ်ငန်းဆောင်ရွက်သူ ဦးရေ ၄၅၅ ဦးစီ သို့ရောက်ရှိအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၊ ရုရှား နိုင်ငံ အနေဖြင့် အမေရိကန် နိုင်ငံ မှ နောက်ဆုံး ဆောင်ရွက်လိုက်သည့် အရေးယူပိတ်ဆို့မှု အပေါ် မည်သည့် တုန့်ပြန် ဆောင်ရွက်မှု မှ မပြုလုပ်သည့် ပုံစံ ကို ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၊ ရုရှား နိုင်ငံ အနေဖြင့် အမေရိကန် နိုင်ငံ အပေါ် ပြန်လည်တုန့်ပြန် ဆောင်ရွက် နိုင်သည့် နည်းလမ်းများစွာရှိသော်လည်း လက်ရှိချိန်တွင် အမေရိကန် နိုင်ငံ အပေါ် ပိတ်ဆို့ကန့်သတ်မှု များကို ဆောင်ရွက်ရန် မလိုအပ် သေးကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် ပူတင် က ရုရှား နိုင်ငံ နှင့် အမေရိကန် နိုင်ငံ တို့သည် စွမ်းအင် ၊ လေကြောင်း နှင့် အာကာသ စသည့် ကဏ္ဍများတွင် အနာဂတ် ပူးပေါင်းဆောင်ရွက်မှု အလားအလာ များစွာ ရှိပြီး နှစ်နိုင်ငံ အရေးကြီး ကဏ္ဍ ပူးပေါင်း ဆောင်ရွက်မှု များတွင် အများအပြား သေဆုံးစေနိုင်သည့် လက်နက်များကို ကန့်သတ်ခြင်း ၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး နှင့် ဆီးရီးယားအရေး စသည့် တို့လည်း တည်ရှိကြောင်း ပြောကြား ခဲ့သည်။

အမေရိကန် နိုင်ငံ လွှတ်တော် သည် ရုရှား နိုင်ငံ အပေါ် အရေးယူ ပိတ်ဆို့မှု အသစ် ဆောင်ရွက်ရန် ကို အတည်ပြု ခဲ့ပြီး နောက်တွင် ရုရှား နိုင်ငံ မှလည်း ဇူလိုင်လ ၂၈ ရက်နေ့၌ တုန့်ပြန် ဆောင်ရွက်မှု များ ပြုလုပ် သွားမည် ကို ကြေညာခဲ့သည်။ ၂၀၁၆ ခုနှစ် နှစ်ကုန်ပိုင်း အချိန်ခန့်တွင် အမေရိကန် နိုင်ငံ က ရုရှား နိုင်ငံ မှ သံတမန်ရေးရာ ဆောင်ရွက်သူ ကို ၄၅၅ ဦး အထိ လျှော့ချ ခဲ့သည်။ လာမည့် သြဂုတ်လ ၁ ရက်နေ့ မှ စတင်၍ ရုရှား နိုင်ငံ ဆိုင်ရာ အမေရိကန် သံရုံး အား မော်စကို မြို့ အနောက်ပိုင်းရှိ အပန်းဖြေစခန်း နှင့် မော်စကို မြို့ တောင်ပိုင်းရှိ အဆောက်အဦ များစွာ ကို အသုံးပြုခြင်းအား ကန့်သတ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.