Connect with us

Europe

ရုရှား နိုင်ငံ အနောက်ပိုင်း၌ ယာဉ်မတော်တဆမှု ဖြစ်ပွားရာ လူခုနှစ်ဦး သေဆုံး

ရုရှား နိုင်ငံ အနောက်ပိုင်း၌ ဖြစ်ပွားခဲ့သော ယာဉ်တိုက်မှုအား တွေ့ ရစဉ်(ဆင်ဟွာ)

မော်စကို ၊ စက်တင်ဘာ ၁၅ ရက်(ဆင်ဟွာ)

ရုရှား နိုင်ငံ အနောက်ပိုင်း Yaroslavl ဒေသ၌ စက်တင်ဘာ ၁၄ ရက်တွင် ခရီးသည်တင် ဘတ်စ်ကား တစ်စီး နှင့် ကုန်တင်ကား တစ်စီးတို့ တိုက်မိမှု ဖြစ်ပွားခဲ့ရာ လူခုနှစ်ဦး သေဆုံးခဲ့ကြောင်း ရုရှား အရေးပေါ် ကယ်ဆယ်ရေး ဝန်ကြီးဌာန၏ ဒေသဆိုင်ရာရုံးမှ သိရသည်။

အဆိုပါ ခရီးသည်တင် ဘတ်စ်ကား နှင့် ကုန်တင်ကားတို့၏ ယာဉ်မတော်တဆမှုသည် မော်စကိုမြို့၏ မြောက်ဘက် ၃၅၀ ကီလိုမီတာ ကွာဝေးသော Yaroslavl ဒေသရှိ အဝေးပြေးလမ်း တစ်ခုပေါ်တွင် ဒေသ စံတော်ချိန် နံနက် ၁၀ နာရီ ၄၅ မိနစ် အချိန်တွင် ဖြစ်ပွားခဲ့ကြောင်း ဝန်ကြီးဌာနမှ ထုတ်ပြန်သော ကြေညာချက် အရ သိရသည်။

ယာဉ်တိုက်မှု ဖြစ်စဉ်ကြောင့် လူခုနှစ်ဦး သေဆုံးကာ အခြား ၂၈ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ကြေညာချက် တွင် ဖော်ပြထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.